
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင်ကော်မတီအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၄၅/၂၀၂၁) အား မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ဇွန် ၁၈ ရက်က ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင် ဖော် ပြထားသည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တရားစွဲဆို ထားခြင်းနှင့်ပတ်သက်၍ တရားရင်ဆိုင်ရေး ကိစ္စရပ်များတွင် တာဝန်ယူကွပ်ကဲနိုင်ရေးအ တွက် တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအ ဖြစ် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဥက္ကဋ္ဌများအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အတွင်းရေး မှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တွဲဖက်အတွင်းရေး မှူးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါ်ခင်ဦးလှိုင် တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကော်မတီအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့ဖြင့် ကော်မတီ အား ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ယခင်က ယင်းကော်မတီကို NLD ပါတီ အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူ များဖြစ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အတွင်း ရေးမှူးအဖြစ် ပြည်ထောင်စုဝန်ကြီးဦးကျော် တင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယ ဝန်ကြီး ဦးမင်းလွင်၊ အဖွဲ့ဝင်များအဖြစ် ပြည် ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (လက်ရှိ ပြည်ထဲရေးဝန်ကြီး)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး (လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး)တို့က တာဝန်ယူဆောင်ရွက် ခဲ့သည်။
NLD အစိုးရလက်ထက်ဖွဲ့စည်းခဲ့သည့် ICJ ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင် ကော်မတီဖွဲ့စည်းမိန့်ဖြစ်သော အမိန့်ကြော် ငြာစာအမှတ် (၃၇/၂၀၂၀) ကို ယခု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော် ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်ခဲ့သည်။
ICJ ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦး ဆောင်ကော်မတီ၏လုပ်ငန်းတာဝန်များမှာ လိုအပ်သောမူဝါဒများကိုချမှတ်ပေးခြင်း၊ ICJ ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီကို လိုအပ်သလိုပြင်ဆင်ဖွဲ့ စည်း တာဝန်ပေးအပ်နိုင်ခြင်းနှင့် Provisional Measures-PM နှင့်ပတ်သက်သည့် အစီရင်ခံစာကို သတ်မှတ်ချိန်များအတွင်း တင်ပြနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ရ မည်ဖြစ်ကြောင်း၊ အစီရင်ခံစာရေးသားရာတွင် လိုအပ်သော အချက်အလက်များရရှိရေးအ တွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည်ဖြစ်ကြောင်း နှင့် ကော်မတီ၏ လိုအပ်သော အုပ်ချုပ်မှုဆိုင် ရာကိစ္စများနှင့် အသုံးစရိတ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ကျခံရမည်ဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်