
မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် သြစတြေးလျတွင် ဆက်နေထိုင်လိုသည့် မြန်မာနိုင်ငံသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ဦးဆောင်သော အစိုးရထံ လွှတ်တော်အမတ်များက တောင်းဆိုထားသည်။
အဆိုပါအကြံပြုတောင်းဆိုချက်များကို လစ်ဘရယ်၊ နေရှင်နယ်လ်စ်၊ လေဘာနှင့် ဂရင်းစ်ပါတီတို့က ပါလီမန်အမတ်များ ပါဝင်သည့်ကော်မတီက ဇွန် ၂၄ ရက်တွင်ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သြစတြေးလျသည် မြန်မာနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မတ်လတွင် ဆိုင်းငံ့လိုက်ပြီး လူသားချင်းကူညီထောက်ပ့ံမှုများကို အစိုးရမဟုတ်သောအဖွဲ့များမှသာ ပေးတော့မည်ဟု ကြေညာထားသည်။
အဆိုပါဆုံးဖြတ်ချက်များကိုလည်း ကော်မတီက ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ သဘောတူညီမှုနှင့်ထုတ်ပြန်သည့် ကော်မတီအစီရင်ခံစာဖြစ်ပြီး ၎င်းတို့တောင်းဆိုခြင်းသည် သြစတြေးလျအစိုးရအနေဖြင့် မြန်မာ့တပ်မတော်ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ တပ် မတော်နှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများ ကို ပိတ်ဆို့အရေးယူခြင်းများလုပ်ရန် စဉ်းစားသင့်ကြောင်း၊ ယင်းတို့ထဲတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီတို့လည်း ပါသင့်ကြောင်း တောင်းဆိုထားကြသည်။
သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်ခိုင်းမည်မဟုတ်ဘဲ ပြန်ရန်စိတ်ချရသည့် အခြေအနေရောက်သည်အထိ ဗီဇာသက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ကတိပေးထားပြီး ဖြစ်သည်။
သို့သော် မြန်မာအသိုင်းအဝိုင်းကြားတွင် ဗီဇာကိစ္စနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေဆဲ ဖြစ်ကြောင်း ကော်မတီအစီရင်ခံစာတွင်ဆို ထားပြီး အစိုးရအနေဖြင့် ၎င်းင်းတို့အတွက် အမြဲ တမ်းနေထိုင်ခွင့်ပေးနိုင်ရေး ဆောင်ရွက်ပေး ရန် တောင်းဆိုထားသည်။
ထို့အပြင် ဗဟိုအစိုးရကပိတ်ဆို့မှုများထပ်မလုပ်သည့်အကြောင်းရင်းကို နိုင်ငံခြား ရေးဝန်ကြီးက လွှတ်တော်တွင်ရှင်းပြပေးရန် လိုအပ်သည့်အဆိုတစ်ရပ်ကို The Greens ပါတီက လွှတ်တော်တွင် တင်သွင်းမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်