
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအား မလွဲမသွေ လုပ်မည်ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် နှစ်နှစ်အတွင်း ဖြစ်နိုင်ကြောင်း Russia 24 သတင်းဌာန၏အင်တာဗျူးမေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Russia 24 ရုပ်သံတို့ ဇွန် ၂၂ ရက်ကပြုလုပ်သည့် အင်တာဗျူးကို ဇွန် ၂၅ ရက်တွင် MRTV က ထုတ်လွှင့်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတက်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅) ချက်အား ကြေညာထားကြောင်း၊ အဆိုပါ အချက်များတွင် အရေးပေါ်အခြေအနေကာလ ကျော်လွန်ဆောင်ရွက်ပြီးပါက၊ လုပ်ဆောင်သင့်သည်များ ပြီးစီးအောင် ဆောင်ရွက်ပြီးပါ က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် ပွဲတစ်ခုကို ပြန်လုပ်ပေးမည်ဟု ပြောထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“မဖြစ်မနေ လုပ်မှာပါ။ သို့သော်လည်းပဲ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ရောက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြီးမြောက်အောင်လည်း လိုပါတယ်။ ဒီအပေါ်မှာ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲမလွဲ မသွေလုပ်မယ်ဆိုတာ ကျွန်တော် ပြောလိုတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။
အခြေခံဥပဒေအရ အရေးပေါ်ကာလအား တစ်နှစ်သာ ကြေညာလုပ်ဆောင်၍ ရကြောင်း၊ အဆိုပါကာလအတွင်း မပြီးမြောက်ပါက ခြောက်လတစ်ကြိမ်ဖြင့် သက်တမ်းနှစ် ကြိမ် တိုးခွင့်ရှိကြောင်း၊ ထို့ကြောင့် အကြမ်း ဖျင်းအားဖြင့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲပြန် လုပ်ရန်အတွက် လမ်းစရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“အခု တိုင်းပြည်ရေးရာဟာ အခုလက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင်နှုန်း အားလုံးပြီးပြီဆိုတဲ့၊ တည်ငြိမ်အေး ချမ်းပြီဆိုတဲ့အခြေအနေတော့ မရောက်သေး တဲ့ အခြေအနေရှိတာပေါ့။ ဒါကြောင့် ဒါကို လည်း ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။ နည်း နည်းတော့ ကျွန်တော် ပြောဖို့ စောသေးတယ်။ သို့သော်လည်း အကြမ်းဖျင်းနှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သော ရွေးကောက်ပွဲများတွင် မသမာမှု များလုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် လက်ရှိပြဿနာများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ မသမာမှုများအား စောစီးစွာ ရှင်းလင်းမည် ဆိုပါက ရှင်းလင်း၍ ရနိုင်သော်လည်း တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းများ၊ ရှင်းလင်း ဆောင်ရွက်သော လမ်းကြောင်းများကို မလုပ်ဆောင်ဘဲ အဆင့်ကျော်လာသည့်အတွက် လက်ရှိ ပြဿနာများ ဖြစ်လာခဲ့ခြင်းဖြစ် ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုများ ဆောင်ရွက်နေချိန်တွင် မမျှော်လင့်ဘဲ အဆိုပါအခက်အခဲများ ဖြစ်ပေါ်လာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆိုသည်။
ထို့ပြင် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်မှုများဆောင် ရွက်ရာတွင် မည်သည့်ဘက်က လုပ်သည်ဖြစ် စေ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား သည်။
“ဒီအပေါ်မှာ ကျော်လွန်ပြီးလုပ်တယ်ဆို ရင်တော့ ဥပဒေအရ လုပ်ရမှာဖြစ်ပါတယ်။ ဘယ်ဘက်ကလုပ်လုပ် ဟိုဘက်ကလုပ်လုပ် ဒီဘက်ကလုပ်လုပ် ကျော်လွန်ပြီး ဖြစ်လာလို့ ရှိရင်တော့ ဥပဒေအရ အကုန်လုံးဆောင် ရွက်ရမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အ ပေါ်မှာ ဘာမှ အငြင်းပွားစရာတော့ မရှိဘူး” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အကြမ်းဖက်ဖြစ်ရပ်များအပေါ် တုံ့ပြန် ဆောင်ရွက်ရာတွင် တပ်မတော်အပေါ် နား လည်မှုလွဲမှားကာ စွပ်စွဲမှုများ အမျိုးမျိုးရှိ ကြောင်း၊ ဒီမိုကရေစီစနစ်တွင် သာမန်အားဖြင့် အစိုးရတစ်ရပ်ကို မကြိုက်၍ ဆန္ဒပြမှုများ လည်း နိုင်ငံတိုင်းတွင်ရှိကြောင်း၊ သို့သော် လည်း သာမန်ဆန္ဒပြမှုအဆင့်မှ ကျော်လွန်၍ အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ဖြစ်လာပါ က အများပြည်သူ မထိခိုက်စေရန်နှင့် တရား ဥပဒေစိုးမိုးရေးကို မထိခိုက်စေရန် သက်ဆိုင် ရာလုံခြုံရေးအဖွဲ့အစည်းက တုံ့ပြန်ဆောင် ရွက်ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်