
ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေး အပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
နှစ်ရက်တာ ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် ပြည်တွင်းပြည်ပ Stakeholders များနှင့် တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားများ စုစည်းနိုင်ရန် PPST ၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PPST ၏ ထိပ်သီးအစည်းအဝေး စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပရန် ယခု PPST အစည်းအဝေးက လျာထားသတ်မှတ်ခဲ့ပြီး PPST ၏ စုဖွဲ့မှုပုံစံအပါအဝင် ရှေ့လုပ်ငန်းစဉ်အသစ်များကို ဆွေးနွေးချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noleen Heyzer အား ကြိုဆိုပြီး မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော အထွေထွေအကျပ်အတည်း ဖြေရှင်ရေးကိစ္စနှင့်ပတ်သက်သည့် ၎င်း၏လုပ်ငန်းများကို PPST က လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်၊ ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တပ်မတော်ကအိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါ လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချကြောင်းလည်း PPST ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချသည့်အပြင် ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က တောင်းဆိုသည်။
ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့ပြည်သူလူထုရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံး ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေကြောင်းလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသော ပြည်သူလူထုတို့နှင့် PPST က တစ်သားတည်းရပ်တည်နေကြောင်းကို သတိပြုစေလိုကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်