
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို ခံပြသက်သေအဖြစ် တင်ပြထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နိုဝင်ဘာ ၉ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး ပြုလုပ်ခြင်းနှင့် ခံပြသက်သေစာရင်းတင်ခြင်းများကို နိုဝင်ဘာ ၉ ရက် ရုံးချိန်းတွင် ဆောင်ရွက်ခဲ့ပြီး စွပ်စွဲခံရသူ၏ရှေ့နေမှ ခံပြသက်သေအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
စွပ်စွဲခံရသူ၏ ရှေ့နေမှ ခံပြသက်သေအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တင်ပြခြင်းနှင့်ပတ်သက်၍ ခေါ်ယူရန် ခက်ခဲမည်ဟု တရားသူကြီးက မှတ်ချက်ပြုသော်လည်း လက်ခံထားကြောင်းနှင့် မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် ခံပြသက်သေ ဒေါက်တာဇော်မြင့်မောင်အား စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးရန်နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန်အတွက် မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ အပြီးသတ်လျှောက်လဲချက် ကြားနာရန် ချိန်းဆိုထားပြီး နိုဝင်ဘာလကုန်တွင် အပြီးအသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်