
အဂတိကျူးလွန်သူများကို တရားစွဲဆို အရေးယူရုံသာမက ကြွယ်ဝ ချမ်းသာလာသည့် ငွေကြေးနှင့် ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းကို ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိ ခိုက်စေကြောင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင် ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စား မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ပြုလုပ်ခဲ့ပြီး နစက ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အခမ်းအနားသို့ နစက တွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိ သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြ ကြောင်း သိရသည်။
ဦးစွာ နစကဥက္ကဋ္ဌက အပြည် ပြည်ဆိုင် ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အ ထိမ်းအမှတ်အခမ်းအနား ဖွင့်ပွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းများတွင် ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ အ ခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး အသိပညာ မြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အ တွက် ဒီဇင်ဘာ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင် ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အ ဖြစ် ၂၀၀၃ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနား များကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ ဦးတည်ချက် မှာ “ဖြောင့်မတ်တည်ကြည်သော အနာဂတ် ဖော်ဆောင်ဖို့၊ အဂတိတိုက်ဖျက် လူငယ် များ နှင့် လက်ချင်းဆက်ကြပါစို့ ((Uniting with Youth against Corruption: Shaping Tomo -rrow’s Integrity)”
ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ပုဒ်သည် မိမိတို့ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၂ ခုနှစ်က စတင်ဆောင်ရွက် နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူ ငယ်အသိပညာပေးအစီအစဉ်နှင့် စကား ၀ိုင်းဆွေးနွေးပွဲများ၊ ပညာရေးနှင့် ပူးပေါင်း ဆောင်ရွက်ချက်များ၏ ဦးတည်ရည် မှန်းချက် များနှင့် တူညီနေကြောင်း၊ ကော်မရှင်၏ စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုသည် လူ့ဘောင်လော ကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်း မွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိ ခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက် တစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု များကြောင့် လူ့ဘောင်လောကတွင် တရားမျှ တမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများ ပြည်သူကို ထိခိုက်စေကြောင်း၊ ထို့ပြင် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေ နိုင်ကြောင်း၊ လက်တွေ့တွင်လည်း အဆိုပါ အယူအဆ မှန်ကန်နေသည်ကို အားလုံးအသိ ပင်ဖြစ်ကြောင်း ၎င်းင်းက ပြောကြားသည်။
အဂတိလိုက်စားမှုပြဿနာသည် မိမိတို့ နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့ နေသည့် ရောဂါဆိုးတစ်ခု ဖြစ်နေကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အ မြတ်အစွန်း မဟုတ်သည့် အချို့ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်လာ နေသည့် ပြဿနာတစ်ခုဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုဆိုသည်ကို သာမန် အားဖြင့် လာဘ်ပေး လာဘ်ယူမှုလောက်သာ ထင်မှတ်ကြသော်လည်း အမှန်အားဖြင့် လူ့ ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေ ညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာ နှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုး အတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော် သြဇာသုံးပြီး ကိုယ်ကျိုးအတ္တကို ရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရာဇ ဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက် ခိုက်မှုများကို အားပေးခြင်းများ ဖြစ်ပေါ်လာ စေကြောင်း၊ ထို့အပြင် တရားဥပဒေစိုးမိုးရေး နှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿ နာကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုဟု ဆိုနိုင် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးသည့် အဂတိ လိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း တစ် ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုး စီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည် မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထား ကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတ နာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြား လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းပြီး အခြေခံ ပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေး နိကအငေညာနညအ အစီအစဉ်များ၊ လူငယ် စကားဝိုင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို ကျေနပ်အားရဖွယ် တွေ့ရှိရကြောင်း၊ မျိုးဆက်သစ်လူငယ်များ ကြားတွင် အဂတိလိုက်စားမှုကို မနှစ်သက်၊ ရှက်ရွံ့ဆန့်ကျင်သည့် စိတ်ဓာတ်များ ကိန်း အောင်းလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ လူများတွင် ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ ဘယာ စသည့် စိတ်အညစ်အကြေးများကြောင့် အဂ တိမှု ကျူးလွန်လာကြခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်း သူများကို ငယ်ရွယ်စဉ်ကစပြီး အဂတိ ကင်း ရှင်းစေရန်၊ စိတ်ထားဖြူစင် သန့်ရှင်းစေရန် အတွက် လူ့ဂုဏ်သိက္ခာနှင့် လူမှုကျင့်ဝတ်များ ကို သွန်သင်ပြသဆုံးမပေးကြရန် လိုအပ် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အဂတိလိုက်စားမှုနှင့် ကြွယ်ဝချမ်းသာ လာမှုကြောင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်း များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပ ဒေတွင် အတိအကျထည့်သွင်း ပြဋ္ဌာန်းထား ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု ကျူး လွန်သူများကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာ လာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနှင့် အညီ တိတိကျကျ ထိရောက်အောင် ဆောင် ရွက်ကြရန် လိုအပ်သည်ကို အသိပေးမှာကြား လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်