
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)အနောက်တောင်ပိုင်း ကွမ်ဂိုပြည်နယ်တွင် ကူးစက်ပျံ့နှံ့နေသော အမျိုးအမည်မသိဖျားနာမှုသည် ပြင်းထန်ငှက်ဖျားရောဂါအမျိုးအစားဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
နိုဝင်ဘာလက ပန်ဇီကျန်းမာရေးဇုန်တွင် ထိုရောဂါကြောင့် သေဆုံးသူ ၁၄၃ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များကယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ ရောဂါလက္ခဏာများသည် ဖျားနာခြင်း၊ ချောင်းဆိုခြင်း၊ နှာရည်ကျခြင်း၊ခေါင်းကိုက်ခြင်းနှင့် ညေင်းညာကိုက်ခဲခြင်းတို့ဖြစ်သည်။
“ဒီအမျိုးအမည်မသိတဲ့ရောဂါကိုအခုတော့ အဖြေရှာတွေ့ပါပြီ။ဒါကအသက်ရှူ လမ်းကြောင်းဆိုင်ရာနာမကျန်းမှုရဲ့ ပြင်းထန်ငှက်ဖျားရောဂါဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ယင်းဒေသရှိ အာဟာရချို့တဲ့မှုသည်ဒေသခံလူထုကို ပိုမိုအားနည်းစေကာရောဂါကူးစက်မှုကို ခံနိုင်ရည်အားနည်းမှုဖြစ်စေကြောင်း ထပ်မံပြောကြားခဲ့သည်။
အောက်တိုဘာလကတည်းက ကူးစက်မှုဖြစ်စဉ် ၅၉၂ ခုရှိပြီး သေဆုံးမှုနှုန်းမှ ၆ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကထောက်ပ့ံပေးထားသော ငှက်ဖျားတိုက်ဖျက်ရေးဆေးဝါးများကို အဓိကဆေးရုံနှင့်ပန်ဇီကျန်းမာရေးဇုန်ရှိ ကျန်းမာရေးစင်တာများသို့ ဖြန့်ချိိပို့ဆောင်ခဲ့ကြောင်း ပြည်နယ်ကျန်းမာ ရေးဝန်ကြီး အပိုလ်လီနိုင်ရာယမ်ဘာကရိုက်တာသတင်းကို ပြောပြခဲ့သည်။
အတော်အသင့်နာမကျန်းသူများနှင့် ပြင်းထန်နာမကျန်းသူများအတွက်ကျန်းမာရေးဆိုင်ရာကိရိယာများသည် ဒီဇင်ဘာ ၁၈ ရက်တွင်ရောက်ရှိလာခဲ့ကြောင်း WHO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီ ယေဆုကနမူနာအများစုကို စမ်းသပ်မှုတွင် ငှက်ဖျားရောဂါဟု ဖော်ပြနေသော်လည်းရောဂါတစ်ခုထက်ပိုပြီး ပါဝင်နေခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ နောက်ထပ်နမူနာများကို စုဆောင်းကာ စစ်ဆေးသွားမည်ဟု၎င်းက ပြောကြားခဲ့သည်။
WHO က ဒီအာကွန်ဂိုနိုင်ငံအားကမ္ဘာပေါ်တွင် ငှက်ဖျားရောဂါ၏အကြီးဆုံးဝန်ထုတ်ဝန်ပိုးများကို ထမ်းထားရသောနိုင်ငံများတွင် အပါအဝင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကွန်ဂိုသည် ကမ္ဘာတစ်ဝန်းငှက်ဖျားရောဂါ ကူးစက်မှုနှင့် သေဆုံးမှုဖြစ်စဉ်များ၏ ၁၁ ရာ ခိုင်နှုန်းရှိသည်။
ငှက်ဖျားရောဂါဟာ ကွန်ဂိုပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေရုံသာမက ငှက်ဖျားကင်းစင်နိုင်ငံတွေဆီ ငှက်ဖျားရောဂါ ပိုးရောက်ရှိနိုင်စေပါတယ်။ ငှက်ဖျားရောဂါနှင့် ဆက်နွှယ်သည့် မျိုးရိုးဗီဇများတွင်မျိုးနွယ်စုနှင့် ဒေသဆိုင်ရာကွဲပြားမှုရှိသည်။
WHO က ထုတ်ပြန်ထားသောအချက် အလက်သစ်အရ ၂၀၀၀ ပြည့်နှစ်ကတည်းက ငှက်ဖျားရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ဘီလျံရှိပြီး သေဆုံးသူ ၁၂ ဒသမ ရသန်းရှိ သည်ဟုဆိုသည်။ သို့သော် ယင်းရောဂါသည် အထူးသဖြင့် WHO အာဖရိကဒေသတွင်စိုးရိမ်ဖွယ် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးခြိမ်း ခြောက်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ WHO ၏နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့ငှက်ဖျားအစီရင်ခံစာအရ ၂၀၂၃ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားကူးစက်ဖြစ်ပွားသူ ၂၆၃ သန်းရှိပြီးသေဆုံးသူခြောက်သိန်းနီးပါးရှိသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်