
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျူရှင်ဆရာတစ်ဦးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် အမျိုးသားနှစ်ဦး ဇန်နဝါရီ ၂၇ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီတွင် ဘားအံမြို့ အောင်ချမ်းသာ (၁)ရပ်ကွက်နေ ဦးအောင်မြင့်မြတ်(၃၈ နှစ်)သည် ကျူရှင်သင်ရာမှ ၎င်း၏နေအိမ်သို့မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ၎င်း၏နေအိမ်ရှေ့အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်မြင့်မြတ်တွင် ဝဲ/ယာလက်နှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၁၃ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ပို့ဆောင်ပေးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာနှင့် ဝယ်ပေါင်ကျေးရွာအကြား၌ ဝယ်ပေါင်ကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် RLG-2 Honda အမျိုးအစားအနီရောင်မော်တော်ယာဉ်အား PDF ငါးဦးခန့်က စောင့်ဆိုင်းကာ သေနတ်ဖြင့ ်ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် အဆိုပါယာဉ်ပေါ်လိုက်ပါလာသည့် ကိုစိုးဝင်းထွေး (ခ) ရွှေတိုး (၂၂ နှစ်)နှင့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)တို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနေ ဦးရန်နိုင်(၃၈ နှစ်)သည် အဆိုပါကျေးရွာ၏ အနောက်ဘက်ရှိ လယ်ကွင်းအတွင်းသို့ နွားချေးများသယ်ဆောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျေးရွာ၏မြောက်ဘက်သုံးမိုင်ခန့်အကွာ လယ်ကွင်းအနီးအရောက် တစ်ရွာတည်းနေ အောင်စိုးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးရန်နိုင်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပုလောဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်