Top News

ဇန်နဝါရီ ၂၉ ရက်အထိ သုံးရက်တာပြုလုပ်မည့် Myanmar Travel Fair တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ်ပါဝင်ထားပြီး လေယာဉ်လက်မှတ်များကို ၁၅ ရာခိုင်နှုန်း အထိ လျှော့စျေးဖြင့်ရောင်းချ
24htopnews | December 19, 2024 12:12 PM CST

ယနေ ့(ဇန်နဝါရီ ၂၇) မှ ဇန်နဝါရီ၂၉ အထိ သုံးရက်တာ ပြုလုပ်မည့် Myanmar Travel Fair တွင် မြန်မာအမျိုးသားလေ ကြောင်းလိုင်းက Main Sponsor အဖြစ်ပါဝင်ထားပြီး လေယာဉ်လက်မှတ်များကို ၁၅ ရာ ခိုင်နှုန်းအထိ လျော့စျေးဖြင့် ရောင်းချနေကြောင်း သိရသည်။

Travel Fair အတွင်းတွင် ပြည်တွင်းလေယာဉ်လက်မှတ်မျးအား ၁၀ ရာခိုင်နှုန်း လျှော့စျေးနှင့် ပြည်ပလေယာဉ်လက်မှတ် များအား ၁၅ ရာခိုင်နှုန်းလျှော့စျေး အသီးသီးဖြင့် ရောင်းချသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့် ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာခြောက်လုံးပါရှိသော booking reference သို့မဟုတ် အမှတ်စဉ် ၆၆ ဖြင့် စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားပြည်တွင်းခရီးစဉ်များတွင် Online Check-in Service ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ် များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်ခင် ၂၄ နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်မည်ဖြစ်ပြီး Print ထုတ်ထားသော E-Boarding Pass အားဂိတ်တွင် ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။

Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ဝန်ကြီးများရုံးတွင် ကျင်းပမည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် အသွားအပြန်ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍ လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၆၀ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သိရသည်။

၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။


READ NEXT
Cancel OK