
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၀ ဒသမ ၇၄၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။
တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၆၁၉၀ ခန့်နှင့်အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၃၃၃၆၀ ခန့် တင်ပို့ ခဲ့သည်။ ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန်၁၈၄၁၀ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တန်ချိန် ၂၆၁၀၀ ၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၅၈၆၀ ၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၈၀၀၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၃၀၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၇၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၇၅၅၀ ၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၄၉၂၀ ကျော်၊ တူရကီနိုင် ငံသို့ ဆန်တန်ချိန် ၄၀၉၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၂၇၅၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၄၄၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၃၇၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၉၅၀ တန်၊ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၄၀၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၂ဝကျော်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀၊ ခရိုအေးရှား၊ လက်ဘနွန်နှင့် ဂျာမနီနိုင်ငံတို့သို့ ဆန်တန်ချိန် ၅၀၀ စီ၊ နယ်သာလန်နိုင်ငံနှင့်ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ စီ၊ ပြင်သစ်နိုင်ငံသို့ ဆန်တန်ချိန် ၃၅၀ နှင့် အခြားနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၁၄ ဒသမ ၈၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၀၂၀၀ ကျော် တင်ပို့နိုင်သဖြင့် နည်လမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၁၃၉၇၅၀ ဖြစ်သည်။ နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုမှာတန်ချိန် ၁၅၇၉၅၀ ကျော်ဖြစ်သဖြင့် ယခုလတွင်ဆန်တန်ချိန် ၁၈၂၀၀ ကျော် လျော့နည်းခဲ့သည်။
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၇ ဒသမ ၂၇၀ သန်းတန်ဖိုးရှိ ဆန် ကွဲတန်ချိန် ၄၇၀၅၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၉၆၀၀ ကျော်နှင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၄၅၀ ခန့် တင်ပို့ခဲ့သည်။ ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၀ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၈၅၄၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲတန်ချိန်၂၇၂၀၀ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၃၃၀ ကျော် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှုတန်ချိန် ၇၅၆၀၀ ခန့်ရှိပြီး အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၅၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ ကြောင်းသိရသည်။
ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် စုစုပေါင်း ၂၁၅၃၄၀ ရှိပြီး တန်ဖိုး ဒေါ်လာ ၈၃ဒသမ ၁ဝရသန်း ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်