
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံရန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို အတည်ပြုပေးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုတို့ကို အ တည်ပြုပေးခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၆၀၀၀ နှင့် ဒေါ်လာ ၁၀ ဒသမ ၅၅၄ သန်းဖြစ်ပြီး စုစု ပေါင်းလုပ်ငန်း ၁၀ ခုတို့မှ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၄၃၂၂ ဦးဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်အစည်းအဝေးတွင် ကုမ္ပဏီများက တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် မတည်ငွေရင်းပမာဏဒေါ်လာ ၁ ဒသမ ၇၀၂ သန်း တိုးမြှင့်ခွင့်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မတည်ငွေရင်း ကျပ်သန်း ၄၀၈၀ နှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်းရှိသည့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ၁၄ ရက် က ကျင်းပခဲ့ရာ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၄၀၈ဝဒသမ ၅၀ သန်းနှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်း ဖြစ် ပြီး လုပ်ငန်းစုစုပေါင်းနှစ်ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၉၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၆ ခုအနက် ကုမ္ပဏီလေးခုတို့အား မတည်ငွေရင်းပမာဏ ဒေါ်လာ ၂ ဒသမ ၄၈၃ သန်း တိုးမြှင့်ခွင့်နှင့်ကုမ္ပဏီ တစ်ခုမှပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၅၀၀ ဦးအတွက် တိုးမြှင့်ခန့်ထားခွင့်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်