
လက်တင်အမေရိကတွင် အောက်တိုဘာ ၈ ရက်က COVID-19 ကြောင့် သေဆုံးသူပေါင်း ၁.၅ သန်းကျော် ရှိလာခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့်စာရင်းကို အခြေခံပြီး အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။
လက်တင်အမေရိကတွင် အောက်တိုဘာ ၈ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၅ သန်းကျော် စံချိန်တင် မြင့်တက်လာခြင်းနှင့်အတူ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁,၅၀၀,၃၅၀ ဦးထက်မနည်း ရှိလာခဲ့သည်။
အထူးသဖြင့် ဘရာဇီးတွင် အောက်တိုဘာ ၈ ရက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀,၀၀၀ ကျော် မြင့်တက်လာခဲ့သည်။လက်တင်အမေရိကတစ်ဝန်းတွင် ဘရာဇီးပြီးလျှင် မက္ကဆီ၊ပီရူး၊ ကိုလံဘီယာနှင့်အာဂျင်တီးနားတို့သည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးအဖြစ် ဆက်တိုက်ရပ်တည်နေသည်။
ပီရူးသည် နိုင်ငံ့လူဦးရေနှင့် နှိုင်းယှဉ်လျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး လူဦးရေ ၁၀၀,၀၀၀ တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၅ ဦးရှိသည်။
အေအက်ဖ်ပီသတင်းဌာနသည် အစိုးရများ၏ တရားဝင်ထုတ်ပြန်ချက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ထုတ်ပြန်သည့် အချက်အလက်များကို အခြေခံ၍ စစ်တမ်းထုတ်ပြန်လေ့ရှိသည်။
လူဦးရေ ၂၁၃ သန်းရှိသည့် ဘရာဇီးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁.၅ သန်းကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး ဘရာဇီးသည် အမေရိကန်ပြီးလျှင် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပြီး ကျွမ်းကျင်သူအများစုကမူ ဘရာဇီးတွင် တရားဝင်ထုတ်ပြန်ထားသည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် အမှန်တကယ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေအောက် များစွာလျော့နည်းနေနိုင်သည်ဟု သုံးသပ်ထားကြသည်။
အမေရိကန်၏ လူဦးရေသည် ဘရာဇီးထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေသော်လည်း အမေရိကန်တွင် မကြာသေးမီကဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၇၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့သည်။ဘရာဇီးတွင် အောက်တိုဘာ ၈ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈,၀၀၀ ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၁၅ ဦး ရှိသည်။
“အခြေအနေတွေကတော့ တိုးတက်လာပေမယ့် ပေါ့ပေါ့ဆဆနေလို့တော့ မရပါဘူူး” ဟု ဂုဏ်သိက္ခာကြီးမားသည့် Fiocruz သုတေသနဌာနမှ သုတေသီ မာဂရက်ဒယ်ကိုမိုက ပြောကြားခဲ့သည်။
လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးသည့်နှင့်တစ်ပြိုင်နက် ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်ဟု ယူဆနိုင်ကြောင်း ၎င်းကဆိုသည်။ဘရာဇီးတွင် လူဦးရေ၏ ၇၁.၄ ရာခိုင်နှုန်းကို ကာကွယ်ဆေး တစ်လုံးထက်မနည်း ထိုးနှံပေးခဲ့သော်လည်း ၄၅.၉ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပေးနိုင်သေးသည်။
ဘရာဇီးတွင် ကပ်ရောဂါကို အဆုံးသတ်နိုင်မည့် အခြေအနေနှင့် အလှမ်းဝေးကွာနေသေးပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း ဆော်ပိုလိုဆေးတက္ကသိုလ်မှ သုတေသီ ဒိုမင်ဂိုအယ်ဗ်စ်က ဆိုသည်။ယင်းကဲ့သို့ စိုးရိမ်မှုများရှိနေသော်လည်း ရီယိုဒီဂျနေးရိုးနှင့် ဆော်ပိုလိုကဲ့သို့အဓိကမြို့များတွင် ပုံမှန်အခြေအနေများသို့ ပြန်လည်ရောက်ရှိရန် ဆက်တိုက်တွန်းအားပေး လုပ်ဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်