
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ စွပ်စွဲပြစ်တင်မှုသတင်းကို ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံးအကြိမ်ဖော်ပြခဲ့ပြီး ယွန်းအား စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ရန်ကြိုးပမ်းမှု အတွက် ပုန်ကန်သူခေါင်းဆောင်တစ်ဦးဟု ဖော်ပြခဲ့သည်။
တောင်ကိုရီးယားလွှတ်တော်တွင် ယွန်းကို စွပ်စွဲပြစ်တင်ရန် မဲခွဲခဲ့ပြီးနောက် နှစ်ရက်နီးပါးအကြာတွင် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ယွန်းအား စွပ်စွဲပြစ်တင်မှု သတင်းကို ဖော်ပြခဲ့သည်။
သို့သော်ထိုသတင်းတွင် မြောက်ကိုရီးယား တာဝန်ရှိသူများထံမှ မှတ်ချက်စကားများ ဖော်ပြထားခြင်းမရှိပေ။
မြောက်ကိုရီးယား တာဝန်ရှိသူများသည် ပုံမှန်အားဖြင့် တောင်ကိုရီးယား နိုင်ငံရေးအကျပ်အတည်းအကြောင်း နှုတ်ဆိတ်နေတတ်ကြသည်။
KCNAသတင်းတွင် ဖော်ပြချက်၌ ယွန်း၏ စွပ်စွဲပြစ်တင်မှုဖြစ်စဉ်ကို စာကြောင်းရေ အနည်းငယ်ဖြင့် အကျဉ်းချုပ် ဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်တွင် ယွန်းသည် မိုက်မဲသော အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာချက်အတွက် အတိုက်အခံပါတီများကို ပြောင်းလဲအပြစ်တင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။
“ပုန်ကန်မှုခေါင်းဆောင် ရုပ်သေးရုပ် ယွန်းဆော့ယိုနဲ့ သူ့ရဲ့ ကြံရာပါတွေကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်”ဟု KCNA သတင်းတွင် ဆိုသည်။
“ရုပ်သေးရုပ် လွှတ်တော်က ယွန်းကို ရာထူးကနေ ဖယ်ရှားသင့်၊မသင့် အပြီးသတ် ဆုံးဖြတ်ချက် ချသွားမှာပါ”ဟုလည်း ရေးသားဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာသည် တောင်ကိုရီးယား၏ ခေါင်းဆောင်များနှင့် လွှတ်တော်ကို “ရုပ်သေးရုပ်”ဟုတင်စားသုံး နှုန်းလေ့ရှိသည်။ တောင်ကိုရီးယားသည် မဟာမိတ်အမေရိကန်၏ ရုပ်သေးရုပ်ဖြစ်ကြောင်း သုံးနှုန်းခေါ်ဆိုခြင်း ဖြစ်သည်။
KCNA သတင်းတွင် သီတင်းပတ်တစ်ပတ် ကြာပြီးသည့်တိုင် ဒီဇင်ဘာ ၃ ရက်တွင် ဖြစ်ပွားခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်အပေါ် မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိသေးသော်လည်း တောင်ကိုရီးယားသည် ယင်းအမိန့်ကြောင့် ကသောင်းကနင်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ကာ ပဲ့ထိန်းဒုံးကျည်များ ဆက်တိုက်စမ်းသပ် ပစ်လွှတ်နေခြင်းနှင့်အတူ ကိုရီးယားနှစ်နိုင်ငံ၏ ဆက်ဆံရေးသည် လတ်တလောနှစ်များအ တွင်း အနိမ့်ဆုံးအမှတ်နေရာ တစ်နေရာသို့ ရောက်ရှိနေသည်။
မြောက်ကိုရီးယားသည် မေ ၂၇ ရက်က ကမ္ဘာပတ်လမ်းထဲသို့ ထောက်လှမ်းရေး ဂြိုဟ်တု ထပ်မံလွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယင်းဖြစ်စဉ်ပြီးနောက် ပဲ့ထိန်းဒုံးကျည် အများအပြား စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
မေလမှစတင်ကာ မြောက်ကိုရီးယားသည် အမှိုက်များ၊ စက္ကူစုတ်များနှင့် တိရစ္ဆာန်မစင်ဟု ယူဆရသည့် အညစ်အကြေးများ အပြည့်ထည့်ထားသော မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့ပြီးနောက် ယင်းသည် ယုတ်ညံ့သော လုပ်ရပ်ဖြစ်သည်ဟု တောင်ကိုရီးယားက ပြင်းထန်စွာဝေဖန်ခဲ့သည်။ ထို့ပြင်မြောက်ကိုရီးယားသည် ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် ရုရှားကိုအဓိက ကျောထောက် နောက်ခံပြုသည့်အဖွဲ့များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်