
အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏ မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက် အရုဏ်တက်ချိန်တွင် ဗလန်စီယာကောင်တီ ရဲတပ်ဖွဲ့ထံ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပြီး အသက်မပြည့်သူ အမျိုးသားတစ်ဦးက သူသည် မိသားစုဝင်များကို သတ်ဖြတ်ခဲ့ကြောင်း ပြောပြခဲ့သည်ဟုဆိုသည်။
ရဲအရာရှိများသည် ဘီလန်မြို့ရှိ နေအိမ်သို့ရောက်ရှိချိန်တွင် အသက် ၁၆ နှစ်အရွယ် ထိုလူငယ်သည် လက်နှစ်ဖက်ကို မြှောက်ထားကာအိမ်ထဲမှ ထွက်လာပြီး သူသည်အလွန်အမင်းမူး နေခဲ့သည်ဟုဆိုသည်။
“ရဲအရာရှိတွေကနေ အိမ်ထဲဝင်ရောက်ရှာဖွေရာမှာတော့ အသက် ၄၂ နှစ်အရွယ် လီယိုနာဒိုလေဗာ၊ အသက်၃၅ နှစ်အရွယ် အေဒရီရာနာဘန်ကိုမို၊ အသက် ၁၆ နှစ်အရွယ် အေဒရီယန်လေဗာနှင့်အသက် ၁၄ နှစ်အရွယ် အလက်ဇန်းဒါးလေဗာတို့ကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်။
မီးဖိုချောင်စားပွဲပေါ်တွင် သေနတ်တစ်လက်ကို တွေ့ရှိခဲ့သည်။ဘီလန်ရဲအရာရှိတစ်ဦး၏ ပြောပြချက်အရ သေဆုံးသူများ၏ သံသယရှိသူ၏ မိဘများနှင့်ညီများဖြစ်သည်ဟု ဆိုသည်။
သံသယရှိသူကို ပထမအဆင့်လူသတ်မှု စွဲချက်လေးခုဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်