Top News

Eras Tour  ကမ္ဘာလှည့်ဖျော်ဖြေမှု ပြီးဆုံးပါက  ဂီတလှုပ်ရှားမှုများကို တေလာဆွစ် တစ်နှစ်နားမည်
24htopnews | December 15, 2024 7:12 PM CST

၂၀၂၃ ခုနှစ်၊  မတ်လကတည်းက စတင် လာခဲ့သည့် Eras Tour ကမ္ဘာလှည့်ဖျော်ဖြေ မှုများ ပြီးဆုံးသွားပါက ဂီတနယ်ပယ်မှ တစ်နှစ် ကြာအနားယူရန် တေလာဆွစ်က စိတ်ကူး ထားသည်။

ကနေဒါနိုင်ငံ ၊ ဗန်ကူဗာမြို့တွင် ဒီဇင် ဘာ ၈ ရက်ပြုလုပ်မည့် ပွဲက တေလာဆွစ်၏  နောက်ဆုံးရှိုးပွဲဖြစ်သည်။ ထို့နောက်ဆွစ်က  ဂီတလှုပ်ရှားမှုများကို တစ်နှစ်ရပ်ကာ အနား  လည်းယူ ၊ ချစ်သူထရားဗစ်ကယ်လ်ဆီကို လည်း အချိန်ပေးလိမ့်မည်ဟု သတင်းပေးများ က US Weekly  သို့ပြောသည်။

ဆွစ်က နောက်ထပ်ကမ္ဘာလှည့်ဖျော်ဖြေ ရန် ဆန္ဒရှိနေပြီး လောလောဆယ်အကောင် အထည်ပေါ်ဦးမည် မဟုတ်ကြောင်း၊  Eras Tour ထက်တော့ ကြီးကျယ်လိမ့်မည်မဟုတ် ကြောင်း သတင်းပေးကဆိုသည်။

 ဗန်ကူဗာ ရှိုးပွဲပြီးပါက ဆွစ်သည် ကမ္ဘာ့တိုက်ကြီးငါးတိုက် ၌ ရှိုးပွဲပေါင်း ၁၄၉ ပွဲ ဖျော်ဖြေပြီးပြီ ဖြစ်လိမ့် မည်။ 

ဒီဇင်ဘာ ၄ ရက်ကကြေညာသည့် spotify ၏ ၂၀၂၄ ခုနှစ်အတွင်း ပရိသတ်နား ဆင်မှုအများဆုံးအဆိုတော်က တေလာဆွစ် ဖြစ်ပြီး နားဆင်မှုအကြိမ်ရေ ၂၆ ဒသမ ၆ ဘီ လျံကျော်ရှိခဲ့သည်။ထိုနေရာကို နှစ်နှစ်ဆက် တိုက် ယူလိုက်ခြင်းဖြစ်သည်။ဆွစ်၏နောက် တွင် ဘတ်ဘန်နီ ၊ the weeknd  ၊ ဒရိတ်ခ်နှင့် ဘီလီအိုင်းလစ်ရှ်တို့ ရပ်တည်နေကြသည်။ 

spotify ၏ ပရိသတ်နားဆင်မှုအများဆုံး အယ်လ်ဘမ်ကလည်း ဆွစ်၏ the tortured poets department  အယ်လ်ဘမ်ဖြစ်သည်။ 


READ NEXT
Cancel OK