
ဇူလိုင် ၃၀ နှင့် ၃၁ ရက်တို့တွင် အပူချိန်သိသိသာသာမြင့်တက်လာသောကြောင့် ပေါ်တူဂီနှင့် ပြင်သစ်တို့သည် ကြီးမားသော တောမီးလောင်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြောက်ဘက် မာဖရာဒေသတွင် တောမီးလောင်နေပြီး ပြင်သစ်၌လည်း အနည်းဆုံး နေရာလေးခုတွင် တောမီးများ လောင်နေသည်ဟု သိရသည်။ ပြင်သစ်တောမီးများကြောင့် အနည်းဆုံး မီးသတ်သမားလေးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ထို့အပြင် ကားလမ်းများကိုလည်း ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။
လစ္စဘွန်းမြောက်ဘက် ၂၅ မိုင်(ကီလိုမီတာ ၄၀ ) အကွာတွင် လောင်နေသော တောမီးကို မီးသတ်သမား ၄၀၀ ခန့်က ထိန်းချုပ်ရန် ကြိုးစားနေသည်။
မီးများက အနီးနားရှိ သစ်တောများကို ကူးစက်လောင်ကျွမ်းနေသောကြောင့် ဒေသခံများသည် ၎င်းတို့၏ ဥယျာဉ်ခြံများကို ရေလောင်းခြင်းဖြင့် မီးတောက်များ ပြန့်ပွားမှုနှေးကွေးအောင် လုပ်ဆောင်နေကြသည်။
ကြိုတင်ကာကွယ်သည့်အနေဖြင့် လူ ၃၀ နေထိုင်သည့် သက်ကြီးဂေဟာတစ်ခုရှိ လူများကို နေရာပြောင်းပေးခဲ့သည်ဟု မြို့ပြကာကွယ်ရေးအာဏာပိုင်အဖွဲ့၏ ကွပ်ကဲရေးမှူးပေါလ်လိုဆန်းတို့စ်က Renascenca ရေဒီယိုကို ပြောကြားခဲ့သည်။
ပေါ်တူဂီမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင်လည်း တောမီးလောင်ကျွမ်းမှုများ ကြီးကြီးမားမားဖြစ်ပေါ်နေရာ မီးသတ်သမား ၁၀၀၀ ဖြင့် ထိန်းချုပ်ရန် လိုအပ်နေသည်ဟု ဆိုသည်။
မြစ်ကမ်းခြေဖြစ်သော Oureum အလယ်ပိုင်းတွင်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် လူများကို နေရာရွှေ့ပြောင်းခိုင်းခဲ့သည်ဟု ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြင်းထန်အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ်( ၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာမည့် အနေအထားကြောင့် ပေါ်တူဂီမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။ ပြင်းထန်အပူချိန်ဖြစ်ပေါ်မှုသည် သြဂုတ် ၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်မည်ဟု မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ သိရသည်။
လူသားတို့၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲမှုက ဗြိတိန်တွင် ဇူလိုင်လ၏စံချိန်ချိုးသော အပူလှိုင်းကို ဖြစ်ပေါ်စေခဲ့ကာ အဆိုပါအပူလှိုင်းဖြစ်ပေါ်ရန် အနည်းဆုံးဖြစ်နိုင်ခြေ ၁၀ ဆရှိသည်ဟု ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော သုတေသနတစ်ခုတွင် ဖော်ပြခဲ့သည်။
အင်္ဂလန်အရှေ့ပိုင်းသည် အမြင့်ဆုံးအပူစံချိန် ၄၀.၃ ဒီဂရီဆဲလ်စီယပ် (၁၀၄.၅ ဒီဂရီဖာရင်ဟိုက်) ရှိသည်ဟု မှတ်တမ်းတင်ခဲ့ပြီး အပူချိန်ပြင်းထန်ခြင်းကြောင့် လန်ဒန်တွင် အိမ်အများအပြားကို ပျက်စီးစေခဲ့သည့် မီးများကို တောက်လောင်စေခဲ့သည်။
အပူချိန်များ မြင့်တက်လာခြင်းအတွက် ပညာရှင်များက ရာသီဥတုပြောင်းလဲမှုကို အပြစ်တင်လျက်ရှိကြပြီး ပိုမိုဆိုးရွားသော အပူချိန်များ ဖြစ်လာဦးမည်ဟု သတိပေးထားကြသည်။
ယခုနှစ်အစပိုင်းမှစ၍ ဟက်တာ ၅၈၀၀၀ (ဧက ၁၄၃၀၀၀) ကျော်သည် မီးလောင်ပျက်စီးခဲ့သည်ဟု သဘာဝနှင့် သစ်တောများ ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရသိရပြီး အဆိုပါပျက်စီးသွားသော မြေအကျယ်အဝန်းမှာ ယာယီစာရင်းသာဖြစ်သည်ဟု ဆိုသည်။
ဇူလိုင် ၃၁ ရက်က ပြင်သစ်အရှေ့တောင်ပိုင်းတွင် တောမီးအသစ်များ လောင်ခဲ့ရာ ဂတ်ဒ်ဒေသ၌ ဟက်တာ ၃၅၀ မီးလောင်ခဲ့ပြီး ထိုနေရာတွင် မီးသတ်သမားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်