
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ပို့ကုန်မြင့်တက်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ထက်ဝက်ကျော်လျော့ကျခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၄၆၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ တစ်လကျော်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ တစ်ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုဒေါ်လာ တစ်ဘီလျံကျော်အထိ (ထက်ဝက်ကျော်) လျော့ကျခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၇၀ ကျော်လျော့ကျခဲ့သည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ပို၍များနေခြင်းကို ဆိုလိုသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ တစ်လအတွင်း ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၂ ဒသမ ၁၂၄ ဘီလျံအထိရှိပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၁ ဒသမ ၈၆၈ ဘီလျံသာရှိသည်။ ပို့ကုန်ပမာဏသည် သွင်းကုန်ပမာဏထက် ဒေါ်လာ ၂၅၆ ဒသမ ၆၄၃ သန်းအထိ ပိုမိုတင်ပို့ထားနိုင်ခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၅၆ ဒသမ ၆၄၃ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။
သို့သော်လက်ရှိဘဏ္ဍာနှစ် တစ်လတွင် မြန်မာနိုုင်ငံ၏ ပို့ကုန်ပမာဏသည် ဒေါ်လာ ၁ ဒသမ ၀၃၂ ဘီလျံသာရှိပြီး သွင်းကုန်ပမာဏသည် ဒေါ်လာ ၁ ဒသမ ၄၉၈ ဘီလျံအထိ ရှိသည်။ သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၄၆၅ ဒသမ ၈၁၃ သန်း ပိုမိုတင်သွင်းထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လတွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၆၅ ဒသမ ၈၁၃ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။
COVID-19 ကာလတွင် ကုန်သွယ်မှုကဏ္ဍ၌ ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိခိုက်မှုများရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် COVID-19 အလွန်ကာလ၌ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်တို့အတွက် အစီအမံများချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အောက်တိုဘာ၂၉ ရက်က ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်လျက် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်