
၂၀၁၉ ခုနှစ်တွင် တရုတ်ဘီလျံနာသစ် အရေအတွက်သည် အမေရိကန်ထက် သုံးဆပိုမိုများပြားခဲ့ပြီး နှစ်ကုန်ပိုင်းတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်မှု အစပျိုးခဲ့ပြီးနောက် ဆေးဝါးများနှင့် အွန်လိုင်းဖျော်ဖြေရေး လုပ်ငန်းများမှာ အခြေအနေ ကောင်းမွန်ခဲ့ကြောင်း 2020 Hurun Global Rich List တွင် ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၃၁ အထိ အကျုံးဝင်သော ထိုကာလအတွင်း ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ ပါဝင်သည့် Greater China ဒေသတွင် ပြီးခဲ့သောနှစ်၌ ဘီလျံနာသစ် ၁၈၂ ဦး ထွက်ပေါ်ခဲ့ပြီး စုစုပေါင်း ဘီလျံနာ အရေအတွက် ၇၉၉ ဦးအထိ ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ တွင် ထုတ်ပြန်ခဲ့သော ယင်းစာရင်း၌ ဖော်ပြခဲ့သည်။ ယင်းကာလအတွင်း အမေရိကန်တွင်မူ ဘီလျံနာသစ် ၅၉ ဦးသာ ထွက်ပေါ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားအကြီးဆုံး တရုတ်အား အထိနာစေ ခဲ့သော်လည်း အွန်လိုင်းပညာရေး၊ အွန်လိုင်းဂိမ်းနှင့် ကာကွယ်ဆေး စသည့် ကုမ္ပဏီများ၏ စတော့တန်ဖိုးများကိုလည်း မြင့်တက်စေခဲ့ကြောင်း Hurun ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ရောဂါခြေချုပ်နှင့် ခရီးသွားလာမှု ကန့်သတ်ထားခြင်းများကြောင့် တရုတ်နိုင်ငံသား အများအပြား နေအိမ်ထဲတွင်ပင် နေထိုင်နေကြရစဉ် အွန်လိုင်းဝန်ဆောင်များအား သုံးစွဲမှု တစ်ရှိန်ထိုး မြင့်တက်ခဲ့သဖြင့် လူကြိုက်များသော အွန်လိုင်းဗီဒီယို ပလက်ဖောင်း iQiyi အား ပိုင်ဆိုင်သည့် Baidu ၏ ရောဘင်လီကဲ့သို့ ဘီလျံနာများအတွက် အခြေအနေ ကောင်းမွန်စေခဲ့သည်။
ကာကွယ်ဆေး လုပ်ငန်းများအား အာရုံစိုက်သော Hualan Biological Engineering ကုမ္ပဏီပိုင်ရှင် အန်ကန်းနှင့် Zhifei Biological Producsts ကုမ္ပဏီပိုင်ရှင် ကျန်းရန်ရှန်းတို့ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စွန့်ဦးတီထွင်သူများသည်လည်း အခြေအနေ ကောင်းခဲ့သည်။
ယနေ့အချိန်တွင် တရုတ်တွင် ဘီလျံနာ အရေအတွက်သည် အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံပေါင်းထက် ပိုမိုများပြား နေပြီဖြစ်ကြောင်း Hurun Report ထူထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ Rupert Hoogewerf က ပြောကြားခဲ့သည်။ အမေရိကန်တွင် ဘီလျံနာ ၆၂၉ ဦးနှင့် အိန္ဒိယတွင် ၁၃၇ ဦးသာ ရှိကြသည်။
ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင်မူ Amazon ကုမ္ပဏီ ပူးတွဲထူထောင်သူ ဂျက်ဘီဇော့က ပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၁၄၀ ဖြင့် သုံးနှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး Alibaba Group ထူထောင်သူ ဂျက်မားသည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၅ ဘီလျံဖြင့် နံပါတ် ၂၁ ၌ ရပ်တည်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်