
ကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းတွင် လတ်တလောသီတင်းပတ်များအတွင်းလူ ပေါင်းဒါဇင်ချီသေဆုံးမှုကို ဖြစ်စေခဲ့သည့် အမျိုးအမည်မသိ တုပ်ကွေးကဲ့သို့ နာမကျန်းမှုသည် ငှက်ဖျားရောဂါဖြစ်နိုုင်ဖွယ်ရှိဟု ကူး စက်ခံရသူများထံမှ ရယူထားသော ဓာတ်ခွဲနမူနာများမှ ရရှိသည့် ရလဒ်များကိုအခြေခံပြီး အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
“နမူနာ ၁၂ ခုကို ရယူထားတဲ့အထဲက ကိုးဦးဟာ ငှက်ဖျားရောဂါခံစားနေရတယ်လို့ တွေ့ရှိပါတယ်။ ဒီနမူနာတွေကကောင်းမွန်တဲ့ အရည်အသွေးတွေ မဟုတ်တဲ့အတွက် ဒါက ကူးစက်ရောဂါဟုတ်၊မဟုတ်ဆိုတာကိုတော့ သုတေသနဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ကင်ရှာဆာမြို့တော်ရှိအမျိုးသား ဇီဝဆေးဘက်ဆိုင်ရာသုတေသနဌာနညွှန်ကြားရေးမှူးချုပ် ယန်းဂျက်ကက်စ်မူယမ်ဘီက ပြောကြားခဲ့သည်။
“ဒါပေမဲ့ ဒီရောဂါက ငှက်ဖျားနဲ့တော် တော်လေးဆင်တူပါတယ်။ဘာလို့လဲဆိုတော့ ကူးစက်ခံရသူအများစုက ကလေးတွေဖြစ်လို့ပါ”ဟုဆိုသည်။
ဒီဇင်ဘာ ၁၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီ ယေဆုကနမူနာအများစုကို စမ်းသပ်မှုတွင် ငှက်ဖျားရောဂါဟု ဖော်ပြနေသော်လည်းရောဂါတစ်ခုထက်ပိုပြီး ပါဝင်နေခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ နောက်ထပ်နမူနာများကို စုဆောင်းကာ စစ်ဆေးသွားမည်ဟု၎င်းက ဆိုသည်။
လတ်တလော သီတင်းပတ်များအတွင်း အမျိုးအမည်မသိ ရောဂါကူးစက်မှုဖြစ်စဉ် ၄၁၆ ခုရှိပြီး ဆေးရုံများတွင် သေဆုံးသူ ၃၁ ဦးရှိကြောင်း တက်ဒရိုကဆိုသည်။ ရပ်ကွက်ကျေးရွာအတွင်း နောက်ထပ်သေဆုံးသူ ၄၄ ဦးရှိကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးရော်ဂျာကမ်ဘာက လွန်ခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ကူးစက်မှုဖြစ်စဉ်များနှင့် သေဆုံးမှုအများစုသည် ကွန်ဂိုအနောက်ပိုင်း ကွမ်ဂိုပြည်နယ်ရှိ ပန်ဇီကျန်းမာရေးဇုန်မှ အသက် ၁၄ နှစ် အောက်ကလေးများဖြစ်ကြောင်း WHO က ဆိုသည်။
ပန်ဇီမြို့သည် ကင်ရှာဆာမြို့တော် အရှေ့တောင်ပိုင်း ၇၀၀ ကီလိုမီတာ(၄၃၅ မိုင်)ခန့်အကွာရှိ ကျန်းမာရေးအခြေခံအဆောက် အအုံနည်းပါးသည့်မြို့ဖြစ်သည်။
ပန်ဇီဒေသခံ အစ်ဇကီရယ် ကာဆွန်ဂိုက ၎င်း၏ အသက်ကိုးနှစ်အရွယ်သားဖြစ်သူသည် သီတင်းနှစ်ပတ်ကြာ နာမကျန်းဖြစ်ခဲ့ပြီးနောက် ဆေးရုံမှဆင်းခွင့်ရခဲ့သည်ဟုဆိုသည်။
“သားလေးက အဖျားကြီးပြီးခေါင်းကိုက် ဝေဒနာခံစားရပြီး အရမ်းအားနည်းသွားပါတယ်”ဟု ကာဆွန်ဂိုကဆိုသည်။
“သေဆုံးတဲ့သူအရေအတွက်ရယ် သေဆုံးသူတွေထဲမှာ ကလေးတွေကအများဆုံးဖြစ်နေတာရယ်ကြောင့် အရမ်းစိုးရိမ်ခဲ့ရပေမယ့် ဘုရားကယ်လို့သားလေ ပြန်ကောင်းသွားခဲ့တာပါ”ဟုဆိုသည်။
ကျန်းမာရေးဝန်ကြီး ဆန်မြူရယ်ရော်ဂျာ ကမ်ဘာ၏ ပြောပြချက်အရ ရောဂါကူးစက်ခံထားရသူများသည် ဖျားနာခြင်း၊ ချောင်းဆိုခြင်း၊ နှာရည်ကျခြင်း၊ခေါင်းကိုက်ခြင်းနှင့် ညေင်းညာကိုက်ခဲခြင်းစသည့်ဝေဒနာများကို ခံစားရသည်ဟုဆိုသည်။အာဏာပိုင်များသည် ရောဂါဖြစ်ပွားသည့်နေရာများတွင် အခြေအနေကို အကဲ ဖြတ်ရန်နှင့် ရောဂါရှာဖွေဖော်ထုတ်ရန်အတွက် နမူနာများကို ရယူရန် ဆေးဘက်ဆိုင် ရာသုတေသနအဖွဲ့ကိုစေလွှတ်ခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်