
ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်အစိုးရပြုတ်သွားပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန် ၊ ဂျာမနီ ၊ ပြင်သစ်၊ အီတလီအပါအဝင် ဥရောပနိုင်ငံအချို့က ဆီးရီးယားဒုက္ခသည်များ၏ နိုင်ငံရေးခိုလှုံခွင့် တောင်းမှုကိစ္စရပ်များ စီမံဆုံးဖြတ်ခြင်းကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
ဥရောပနိုင်ငံအစိုးရများက စစ်ဒဏ်သင့်ဆီးရီးယားနိုင်ငံ၏ လျှင်မြန်စွာပြောင်းလဲနေသော လက်ရှိအခြေအနေများကို မပြတ်စောင့်ကြည့်လျက်ရှိသည်ဟုလည်း ကြေညာထားပြီး ၊ သြစတြီးယားနိုင်ငံကမူ ဆီးရီးယားဒုက္ခသည်များအား မကြာမီ ၎င်းတို့၏နိုင်ငံသို့ပြန်နှင်ထုတ်မည်ဟု အချက်ပြပြောဆိုလာသည်။
ဂျာမနီနိုင်ငံခြားရးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း အာဆတ်အစိုးရနိဂုံးချုပ်ရုံနှင့် ဆီးရီးယားအနာဂတ်တွင် အေးချမ်းလိမ့်မည်ဆိုသည့် အာမခံချက်မရှိဟု သတိပေးပြောသည်။
ဂျာမနီသည် ဆီးရီးယားဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံခေါ်ယူထားပြီး အများစုက ၂၀၁၅-၂၀၁၆ အတွင်း ဂျာမနီဝန်ကြီးချုပ်ဟောင်း အန်ဂျလာမာကယ်လ်လက်ထက် ၌ ဖြစ်သည်။
သြစတြီးယားယာယီအစိုးရက ဆီးရီးယားဒုက္ခသည်များ၏ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုအားလုံးကို ရပ်ဆိုင်းထားပြီး ၎င်းတို့၏အမိနိုင်ငံသို့ ပြန်ပို့ရန် ၊နှင်ထုတ်ရန် အစီအမံများဆောင်ရွက်နေပြီဟု ကြေညာထား သည်။
၂၀၁၁ ခုနှစ်ကစတင်ပြီး ဆီးရီးယားဒုက္ခသည် ၁၄ သန်းကျော်သည် အသက်ဘေးလွတ်ရာကို ရှောင်တိမ်းသည့်အနေဖြင့် အိုးအိမ်စွန့် ခွာပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ကြေညာသည်။
သြစတြီးယားနိုင်ငံတွင် ဆီးရီးယားဒုက္ခသည် ၉၅၀၀၀ ဦးဝန်းကျင်ရောက်ရှိနေပြီး အများစုက ရွှေ့ပြောင်းနေထိုင်မှုအကျပ်အတည်းဆိုက်ခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် ရောက်လာခြင်းဖြစ်သည်။
ဂျာမနီတွင်မူ ဆီးရီးယားနိုင်ငံသား ၄၇၂၇၀ ဦးဝန်းကျင် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုအတွက် အဖြေစောင့်နေကြပြီး နိုင်ငံရေးခိုလှုံခွင့်ရထားပြီးသူများ ရပ်ဆိုင်းသည့် အထဲ ပါဝင်မည်မဟုတ်ပေ။ အလားတူဗြိတိန်နိုင်ငံကလည်း လက်ရှိဆီးရီးယားအခြေအနေကို စောင့်ကြည့်နေပြီး ဆီးရီးယားနိုင်ငံသားများ ခိုလှုံခွင့်ပေးမှုလုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားကြောင်း ကြေညာထားသည်။ ၂၀၁၁ ခု နှစ်မှ၂၀၂၁ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံသား က ၃၀၀၀၀ ကျော် ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သည်။
ဗြိတိန်သို့ရောက်လာသူ အများစုက လူသားချင်းစာနာထောက်ထားမှု အစီအစဉ် သို့မဟုတ် တူရကီနှင့် လက်ဘနွန်တို့ကို ထွက်ပြေးပြီး ၎င်းနိုင်ငံများမှတစ်ဆင့် ဝင်ရောက်လာကြသူများဖြစ်သည်။
လက်ဘနွန်နှင့် ဂျော်ဒန်နိုင်ငံများတွင် ရောက်နေသည့် ဆီးရီးယားနိုင်ငံသားများကမူ ဆီးရီးယားသို့ပြန်နေကြပြီဖြစ်သည်။ လက်ဘနွန်တွင် ဆီးရီးယားဒုက္ခသည် တစ်သန်းကျော်လက်ခံထားပြီး ဒုက္ခသည်များအားလက်ခံရေး စည်းမျဉ်းများကိုတင်းကြပ်ထားသည်။
အာဆတ်အစိုးရပြုတ်သွားပြီးနောက် ပြည်ပနိုင်ငံများရှိ ဆီးရီးယားနိုင်ငံသားများက အောင်ပွဲခံသည့်အနေဖြင့် လမ်းပေါ်ထွက်စုဝေးမှုများပြုလုပ်လာကြသည်။ ဒီဇင်ဘာ ၈ ရက်က ဆီးရီးယားသမ္မတအာဆတ် ထွက် ပြေးတိမ်းရှောင်သွားပြီးနောက် မြို့တော်ဒမတ်စကတ်ကို တော်လှန်ရေးသူပုန်တပ်ပေါင်းစုက ထိန်းချုပ်လိုက်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်