
လာမည့်ရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေးအဖွဲ့များကို လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားတွင် UEC ဥက္ကဋ္ဌ ဦးကိုကိုက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် နိုင်ငံရေးပါတီများ တည်ထောင် ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းများ ကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိ ရာ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည် ထောင်ခွင့်စိစစ်ဆဲပါတီအနေဖြင့် တစ်ပါတီ ရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်း ချက်ဖြစ်သည့် ရွေးကောက်ပွဲကျင်းပမည့် နေ့ ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြို တင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း ပါတီဝင်အင် အားပြည့်မီရေးနှင့် ပါတီရုံးခန်းများ သတ်မှတ် ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးတို့ကို သတ်မှတ် ကာလအတွင်း သတ်မှတ်အရေအတွက် ပြည့်မီ ရေးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့ပြင် ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီ ဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင်အဆောက် အအုံ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ များမှလွဲပြီး အခြားအဆောက်အအုံများတွင် သက်ဆိုင်ရာဒေသန္တရအဖွဲ့အစည်းများ၏ စည်းကမ်းများနှင့်အညီ ရုံးခန်းဖွင့်လှစ်ရန်နှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း မပြုလုပ်မီ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အသိပေးရန် ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီတွင်းနှင့် ပါတီ ပြင်ပစည်းရုံးရေးဆောင်ရွက်မှုကို မှတ်ပုံတင် ခွင့်ရရှိပြီးသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်ကြစေလို ကြောင်း ၎င်းင်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ စောင့်ကြည့်လေ့လာခွင့်နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့ ခြင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အ ချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့် လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံး ဖြတ်ခြင်း စသည့်အချက်များကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည် ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်း နှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းင်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသ မာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်း စစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဘာသာစကား ငါးမျိုးဖြင့် ဖတ်ရှုနိုင်သည့် website ကို နိုဝင်ဘာ ၂၂ ရက် တွင် လွှင့်တင်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ website တွင် Mobile Application ကိုလည်း download ရယူနိုင်ကြောင်း၊ soft copy များ ကို နိုင်ငံရေးပါတီများသို့လည်း ဖြန့်ဝေထား ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ် သည့် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာ ရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သိက္ခာရှိသောလွှတ်တော်ဖြစ်ရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းရှိသော ကိုယ်စားလှယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ကြိုတင်ရွေးချယ် လေ့ကျင့်ပေးရန်လိုကြောင်း နှင့် ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းင်းက ပြောကြားသည်။
အခမ်းအနားသို့ UEC အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ၊ UEC ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါ တီ ၅၃ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်