
စစ်အာဏာသိမ်းမှုကိုတိုက်ဖျက်ရန် သပိတ်မှောက် ဆန္ဒပြနည်းလမ်းပေါင်းစုံ လိုအပ်ကြောင်း၊ တန်ဖိုးကိုယ်စီရှိကြောင်းနှင့် နည်းလမ်းများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီစွာ ပူးပေါင်းချိတ်ဆက် လှုပ်ရှားကြရမည်ဖြစ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။
ပြည်သူလူထုသို့ ပန်ကြားစာဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါထုတ်ပြန်ချက်တွင် ၈၈ မျိုးဆက် ငြိမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့ လက်မှတ်ရေးထိုးထားသည်။
ယခုအချိန်တွင် စစ်အာဏာသိမ်းမှုကို အာခံငြင်းဆန်သည့် လှုပ်ရှားမှုမျိုးစုံပေါ် ပေါက်နေပြီး စတစ်ကာလှုပ်ရှားမှုများ ဆန္ဒပြမှုများမှအစ သံပုံးတီး တောချောက်ပွဲများအဆုံး အကျုံးဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဝန်ထမ်းများကလည်း စစ်အုပ်စုလက်အောက်တွင် အမှုမထမ်းလိုသဖြင့် နုတ်ထွက်ခြင်း၊ ဖဲကြိုးနီတပ်ဆန္ဒပြခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြပြီး ထိုသူများအားလုံးကို လေးစားဂုဏ်ပြုကြောင်း ၈၈ မျိုးဆက် ငြိမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပေါင်းစုံ၊ ဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ဆန္ဒပြပွဲများ နှင့် သပိတ်ပေါင်းစုံတို့ ပေါင်းစပ်မည်ဟု ဆိုသည်။
အလားတူ ရပ်ထဲ ရွာထဲအထိ ပြန့်စေ မည့် လက်ကမ်းစာစောင် လှုပ်ရှားမှုများမှအစ အခြားသော လူ ထုလှုပ်ရှားမှုများလည်း ပုံသဏ္ဍာန်မျိုးစုံပေါ်လာရန်ရှိကြောင်း တစ်ဆက်တည်း ဖော်ပြထားသည်။
သပိတ်မှောက်ခြင်းဆိုရာ၌ ဝန်ထမ်းများ ၏ မနာခံ အာခံလှုပ်ရှားမှုများက အုပ်ချုပ်ရေး ယန္တရားကို နှေးကွေးရပ်တန့်ပြီး သုံးမရတော့ သည်အထိ ဆိုက်ရောက်စေမည်ဖြစ်ကြောင်း နှင့် အခြားတစ်မျိုးမှာ ၎င်းတို့ ၏ ဝင်ငွေလမ်း ကြောင်းကိုရိုက်ချိုးနည်းဖြစ်ကြောင်း ၈၈ မျိုး ဆက်ငြိမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
၎င်းတို့၏ ဘီယာ၊ စီးကရက်၊ တယ်လီဖုန်းဆင်းကဒ်မှအစ ရုပ်သံလိုင်းအဆုံး အားလုံးကို မသုံးစွဲခြင်း၊ ရောင်းချသည့်ဆိုင်များကို သပိတ်မှောက်ခြင်းတို့ကလည်း အမှန်ထိ ရောက်ပါသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထုတ်ပြန်ချက်အဆုံးတွင် “နောက်ထပ် သပိတ်ပေါင်းစုံ ဆင်နွှဲစရာများဖြင့် ပန်းတိုင် ဆီ ချီတက်ကြပါစို့”စက်ခေါင်းအဖြုတ်ခံရ လည်း နောက်တွဲတိုင်းမှာ “စက်ခေါင်းပါ၊ ကောင်းစွာ မောင်းနှင်ပြကြပါစို့” “အရေး တော်ပုံ အောင်ရမည်” ဟု ရေးသားတိုက်တွန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်