
အကြမ်းဖက်နှိမ်နင်းမှုကို ရပ်တန့်ရန် မြန်မာတပ်မတော်ကို သတိပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဖေဖော်ဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။
“ရေအမြောက် အသုံးပြုမှုဟာ စိတ်သောကဖြစ်စရာ အမှတ်လက္ခဏာတစ်ရပ် ဖြစ်ပါတယ်” ဟု တွမ်အင်ဒရူးက ပြောကြားခဲ့သည်။
“တပ်မတော်က အကြမ်းဖက်မှုကို အသုံးပြုတာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါကို ရပ်တန့်ရပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့ လုပ်နိုင်သမျှ အရာရာကို လုပ်ပေးရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သူတို့ကလေးတွေရဲ့ အနာဂတ်အတွက်နဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် ဆန္ဒပြဖို့ လမ်းတွေပေါ်မှာ ရှိနေတဲ့ ဆန္ဒပြသူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်” ဟု တွမ်အင်ဒရူးက ဆိုသည်။
မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် အတိတ်ကာလက အလုပ်ဖြစ်ခဲ့သောကြောင့် ယခုလည်း အလုပ်ဖြစ်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဖိအားပေးမှုထဲတွင် စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့မှုများ ပါဝင်သည်ဟု ဆိုသည်။
“နိုင်ငံတကာဖိအားက သူတို့အပေါ် သက်ရောက်မှုမရှိဘူးလို့ အရင်တုန်းက တပ်မတော် ပြောကြားထားတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒါက မမှန်ဘူးလို့ ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။ သူတို့ ဂရုစိုက်ပါတယ်။ နိုင်ငံတကာစီးပွားရေးမှာ ပါဝင်ဖို့ သူတို့ လိုလားပါတယ်” ဟု တွမ်အင်ဒရူးက CAN သတင်းဌာနသို့ ပြောကြားခဲ့သည်။
“သူတို့ ပိုက်ဆံ ရချင်ကြပါတယ်။ သူတို့ ကြွယ်ဝချမ်းသာလိုကြပါတယ်။ မြန်မာနိုင်ငံဟာ အကြာကြီး ခံစားခဲ့ရဖူးတာမို့ အကြီးအကျယ် အထီးကျန်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးဆက်တွေကို နားလည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အခြားအကြီးတန်းခေါင်းဆောင်များကို မြန်မာ့တပ်မတော်က ထိန်းသိမ်းခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာနှင့် ပတ်သက်သည့် အကြောင်းများကိုလည်း တွမ်အင်ဒရူးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်