
မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီး နောက် နယူးဇီလန်က မြန်မာနိုင်ငံနှင့် အဆင့်မြင့်အဆင့် နိုင်ငံရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာခဲ့သည်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်းက မြန်မာနိုင်ငံ၌ မြင်တွေ့နေရသည့် ဖြစ်ပျက်နေမှုများကို ပြင်းထန်စွာရှုတ်ချကြရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီတစ်ရပ် တည်ဆောက်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပြီးနောက် နှစ်အတန်ကြာမှာ တပ်မတော်က ဦးဆောင်တဲ့ မကြာသေးမီရက်တွေအတွင်း ကျွန်ုပ်တို့တွေ့မြင်နေရတဲ့ အဖြစ်အပျက်တွေကို နယူးဇီလန်နိုင်ငံသားတိုင်း စိတ်ပျက်ဝမ်းနည်းမိကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
“နယူးဇီလန်မှာ ဒီကနေ ကျွန်မတို့လုပ်နိုင်တာတွေ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ကျွန်မတို့ရဲ့ ပြင်းထန်တဲ့မက်ဆေ့ချ်ကို ပေးလိုက်ပါတယ်” ဟု နယူးဇီလန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
၎င်းတို့၏ အရေးယူသည့်နည်းလမ်းများထဲ၌ တပ်မတော်အကြီးတန်းခေါင်းဆောင်များကို ခရီးသွားလာမှု ပိတ်ပင်ခြင်းများလည်း ပါဝင်သွားမည်ဟု အာဒန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေမှုများကို ဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူပေးရန် နယူးဇီလန်နိုင်ငံအနေဖြင့် လိုလားကြောင်းလည်း အာဒန်းက ပြောကြားခဲ့သည်။
နယူးဇီလန်ဒေါ်လာ ၄၂ သန်း (အမေရိကန် ၃၀ ဒသမ ၅ သန်း) တန်ဖိုးရှိ နယူးဇီလန်၏ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေးအစီအစဉ်များကို တပ်မတော်အစိုးရအတွက် အကျိုးမရှိစေဘဲ သို့မဟုတ် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ မရောက်စေဘဲ အကာအကွယ်များဖြင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း နယူးဇီလန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“တပ်မတော်အစိုးရကို အထောက်အပံ့ပေးသလို မဖြစ်ရအောင် ကျွန်မတို့ အဲဒီမှာ လုပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အကူအညီမှန်သမျှကို သတိကြီးကြီးနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အာဒန်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်