
“အမှန်တရားတစ်ခုလုံးကို ထုတ်ဖော်ပြောဆိုပြီး အဲဒီအတိုင်း လုပ်ဆောင်ဖို့ အချိန်အခါက တောင်းဆိုလာတဲ့အခါ ဆိတ်ဆိတ်နေခြင်းဟာ သူရဲဘောကြောင်မှုပဲ”
■ မဟတ္တမဂန္ဒီ
အမှန်တရားနှင့်ပတ်သက်သည့် အကြီးမားဆုံးအမှန်တရားမှာ အမှန်တရားသာလျှင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။ မုသားများ မည်မျှအားကြီးသည်ဖြစ်စေ၊ မုသားများ မည်မျှ အမှန်တရားဖြစ်နေသကဲ့သို့ အမှန်တရားယောင် ဆောင်နေသည်ဖြစ်စေ၊ အမှန်တရားနှင့် ဆင်တူယိုးမှားဖြစ်နေသော အားကောင်းသည့် မုသားများကို ပွားများရန် ကြိုးပမ်းနေသူများ မည်မျှပင် အားကောင်းသည်ဖြစ်စေ နောက်ဆုံးတစ်နေ့၌ တွေ့ရသည်မှာ အမှန်တရားကပင် လွှမ်းမိုးအောင်နိုင်သွားခြင်းဖြစ်သည်။ ယင်းသည်ပင်လျှင် အမှန်တရား၏ အရေးအကြီးဆုံး ဂုဏ်သတ္တိနှင့် အမှန်တရား၌သာရှိသော ဂုဏ်သတ္တိဖြစ်သည်။
မုသားများ လွှမ်းမိုးသည့်နေရာတိုင်းတွင် ရန်လိုသောဆက်ဆံရေးများသာ အမြဲတမ်းရှိနေသည်။ စိတ်ရှုပ်ထွေးဖွယ်ရာများ အမြဲတမ်းရှိနေသည်။ နားလည်မှုလွဲမှားခြင်းများ အမြဲတမ်းရှိနေသည်။ မျှော်လင့်ချက်မဲ့ခြင်းသာ အမြဲတမ်းရှိနေသည်။ မုသားများအပေါ်၌ တည်ဆောက်ထားသော ဆက်ဆံရေးဟူသည် တစ်ခါတစ်ရံ၌ အောင်မြင်နိုင်သည်ဟု ထင်ရသော်လည်း ရေရှည်တည်တံ့နိုင်သည့် အနာဂတ်ကား မရှိပေ။ အရည်အချင်းများ အမှန်တကယ်မရှိဘဲ မုသားများကို အကြောင်းပြု၍ ရယူထားသော အလုပ်အကိုင် တစ်ခုသည်ပင်လျှင် အချိန်အခိုက်အတန့်သာခံပြီး မုချဆုံးရှုံးရမည်သာ ဖြစ်သည်။
တစ်စုံတစ်ဦးအနေဖြင့် ပြဿနာတစ်ရပ်ကို ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ ထိုသူသည် သက်ဆိုင်ရာ အကြောင်းအရာကို ဖြေရှင်းနိုင်ရန်အတွက် နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရန် ကြိုးပမ်းရလေသည်။ လူတစ်ဦးအနေဖြင့် အလုပ်အကိုင်တစ်ခုအတွက် အင်တာဗျူးဖြေဆိုသည့်အခါ အင်တာဗျူးသူသည် အလုပ်လာလျှောက်သူ၏ အကြောင်းနှင့် သူ၏ကျွမ်းကျင်မှုနှင့်ပတ်သက်သော အမှန်တရားကိုသိရှိကြရန် ကြိုးပမ်းမည်ဖြစ်သည်။ တရားရုံးတစ်ခုသည် စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်သည့်အခါ အမှုနှင့်ပတ်သက်သော အမှန်တရားကို သိရှိပြီးနောက်မှသာလျှင် ယင်းကဲ့သို့ ပြုလုပ်နိုင်မည်။ လူသားဟူသည် အမြဲမပြတ် အမှန်တရားကို စူးစမ်းရှာဖွေနေသော သတ္တဝါဟု ဆိုကြသည်။ လူသားတို့သည် ကျယ်ပြောလှသော သမုဒ္ဒရာများ သို့မဟုတ် အဆုံးမရှိသော ကောင်းကင်များ သို့မဟုတ် ပျော်ရွှင်မှုနည်းပါးရသည့် အကြောင်းများ သို့မဟုတ် ဘဝ၌ တွေ့ကြုံခံစားရမှုများ အစရှိသည်တို့နှင့်ပတ်သက်သော အမှန်တရားကို အမြဲမပြတ် စူးစမ်းရှာဖွေခဲ့ကြသည်။ မည်သည့်အရာနှင့်ပတ်သက်၍မဆို အမှန်တရားသည်သာ ဖြေရှင်းမှုများကို ပေးနိုင်သည်။ မုသားများ၌ မည်သည့်အခါမျှ ဖြေရှင်းချက်များ မရှိပေ။
အမေရိကန်စာရေးဆရာ မက်တွိန်းက “အမြဲတမ်းအမှန်တရားကို ပြောဆိုပါ။ ဒီလိုနည်းနဲ့ ခင်ဗျားဟာခင်ဗျား ဘာပြောခဲ့သလဲဆိုတာကို မှတ်မိနေစရာ မလိုတော့ဘူူး” ဟု ဆိုခဲ့သည်။ မုသားစကားများ ပြောခဲ့သူသည် အလိမ်ပေါ်မည်စိုးသောကြောင့် မိမိပြောဆိုခဲ့ဖူးသည့်စကားများအား သတိမလွတ်အောင် အမြဲမပြတ် မှတ်မိနေရန် လိုအပ်၏။ ယခင်ပြောခဲ့ဖူးသော စကားများနှင့် ယခုပြောဆိုလိုက်သောစကားများ ရှေ့နောက်ညီညွတ်ခြင်းမရှိပါက လိမ်လည်နေခြင်းဖြစ်ကြောင်း လယ်ပြင်၌ဆင်သွားသလို ထင်ရှား၍ လာမည်ဖြစ်သည်။ ထို့ကြောင့်ပင် အမေရိကန်၏ ၁၆ ဦးမြောက်သမ္မတဖြစ်သူ အီဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က “သင်သည် လူအချို့အား တစ်ချိန်လုံး အရူးလုပ်နိုင်ပြီး လူအားလုံးကို အချိန်အချို့၌ အရူးလုပ်နိုင်သည်။ သို့သော် သင်သည် လူအားလုံးကို တစ်ချိန်လုံး အရူးလုပ်နိုင်မည် မဟုတ်ပေ” ဟု ဆိုခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ မည်သူမဆို လူအားလုံးကို တစ်ချိန်လုံး အရူးလုပ်နိုင်မည် မဟုတ်သောကြောင့် အမှန်တရားကို ပြောဆိုလုပ်ကိုင်ခြင်းဖြင့်သာ ရေရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုများကို ရယူနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (သြဂုတ် ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်