
ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်ခဲ့သည့် အသက် ၃၂ နှစ်အရွယ်ရှိ တောင်ကိုရီးယားမင်းသား ပတ်မင်ဂျယ်၏ စျာပနအား ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် ပတ်သည် တရုတ်နိုင်ငံ၌ရောက်ရှိနေစဉ် နိုဝင်ဘာ ၂၉ ရက်တွင် ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်သွားခြင်းဖြစ်သည်။
ပတ်သည် Little Women ၊ Snap And Spark ၊ True To Love စသည်တို့အပါအဝင် ကိုရီးယားဒရာမာ ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ထားသည်။
ဒီဇင်ဘာ ၂ ရက်တွင် ပတ်၏ညီဖြစ်သူက အင်စတာဂရမ်တွင် စျာပနကျင်းပရေးနှင့်ပတ်သက်ပြီး ပို့စ်တင်ထားသည်။ စျာပနအခမ်းအနားကို ဆိုးလ်ရှိ Ewha Seoul ဆေးရုံ စျာပနခန်းမတွင် ဒီဇင်ဘာ ၄ ရက်၌ပြုလုပ်မည်။
“ချစ်လှစွာသောအစ်ကိုဟာ အေးချမ်းစွာအိပ်စက် အနားယူသွားပါပြီ။ သူ့ရဲ့နောက်ဆုံးခရီးမှာ တတ်နိုင်သမျှ လာပြီးနှုတ်ဆက်ပေးကြဖို့ မျှော်လင့်ပါတယ်”ဟု ညီဖြစ်သူက ပို့စ်တင်ထားသည်။
ပတ်၏အေဂျင်စီ Big Title ကလည်း “သရုပ်ဆောင်အလုပ်ကို မြတ်နိုးတဲ့ကျွန်တော်တို့ရဲ့ချစ်စရာမင်းသား ပတ်မင်ဂျယ် ကွယ်လွန်သွားပါပြီ။ ပတ်ကိုချစ်ခင်အားပေးမှုတွေအတွက် အလွန်ပဲကျေးဇူးတင်ပါတယ်။ သူ့ရဲ့ တင်ဆက်မှုတွေကို ရှေ့လျှောက်မမြင်ရတော့ပေမဲ့ Big Title ရဲ့မင်းသားတစ်လက်အနေနဲ့ ဂုဏ်ယူစွာအမှတ်ရနေပါမယ်” ဟု ထုတ်ပြန်ထားသည်။ပတ်မင်ဂျယ်သည် ၂၀၂၁ ခုနှစ်က ပြသသည့် IDOL: The Coup ရုပ်သံဇာတ်လမ်းတွဲဖြင့် ပရိသတ်သတိထားခံခဲ့ရပြီး ၊နောက်ပိုင်း Little Women ၊ Numbers ၊ Korea-Khitan War ဇာတ်လမ်းတွဲများ၌ ပါလာခဲ့သည်။ Snap and Spark က ၎င်းနောက်ဆုံးရိုက်သည့် ဇာတ်လမ်းတွဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်