
ICC တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားမှုအပေါ် တရုတ်နိုင်ငံက ဝေဖန်ခဲ့ပြီး ရောမဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ကို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးသင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မစ္စမော်နင်းက ပြောကြားသည်။
နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြဌာန်းထာသည့်ဥပဒေအရ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးခြင်းမပြုပါက ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သော နယ်မြေပေါ်တွင် ယင်းစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံရှိ နိုင်ငံသားများက လုပ်ဆောင်သော လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ICC က တရားစီရင်ပိုင်ခွင့်မရှိပါ” ဟု မစ္စမော်နင်းက ပြောကြားသည်။
ရခိုင်အရေးသည် ရှုပ်ထွေးလှသော သမိုင်းကြောင်းများ၊ လူမျိုးရေးနှင့် ဘာသာရေးနောက်ခံများရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းရန်လိုကြောင်း မော်နင်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်တိုးတက်မှုများကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အခြေအနေတည်ငြိမ်ရေးနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတကာ ရာဇဝတ်ခုံရုံးသည် ရည်မှန်းချက်နှင့် ဘက်မလိုက်သော ရပ်တည်ချက်တစ်ရပ်ကို ဆုပ်ကိုင်ထားသင့်ပြီး၊ ပေါင်းစပ်ပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူများကို တင်းတင်းကျပ်ကျပ် လိုက်နာကာ ၎င်း၏လုပ်ငန်းဆောင်တာများနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ သတိရှိရှိ ကျင့်သုံးကာ ရောမဥပဒေနှင့် အထွေထွေ နိုင်ငံတကာဥပဒေတို့ကို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံးသင့်သည်ဟု တရုတ်နိုင်ငံအနေနဲ့ အမြဲယုံကြည်ပါတယ်” ဟု မစ္စမော်နင်းက ပြောကြားသည်။
ထိုသို့ ICC ရှေ့နေချုပ်၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ပြောကြားထားသည်။
ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ကိစ္စများတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၌ တာဝန်ရှိသည်ဆိုသော စွပ်စွဲချက်နှင့် ၎င်းအား ဖမ်းဝရမ်းထုတ်ပေးရန်အတွင် ICC တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)၏ ရှေ့နေချုပ် Karim Khan က နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်