
Amazon စတူဒီယို၏ Lord of the Rings ရုပ်သံဇာတ်လမ်းတွဲတွင် Legolas ဇာတ်ကောင်အဖြစ် ပါဝင်ရန် ဖြစ်နိုင်ခြေမရှိဟု သရုပ်ဆောင်အော်လန်ဒိုဘလွန်းက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ်တော့ နုပျိုနေတုန်းလို့ ထင်မိတယ်။ ဒါပေမယ့် Legolas ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” ဟု အသက် ၄၂ နှစ်အရွယ် ဘလွန်းက ပြောကြားခဲ့သည်။
၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဒါရိုက်တာပီတာဂျက်ဆင်ရိုက်ကူးခဲ့သည့် Lord of the Rings သုံးတွဲဆက်ဇာတ်ကားသုံးကားတွင် အော်လန်ဒိုဘလွန်းက Legolas ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။ ယင်းဇာတ်ကားသုံးကားသည် စုစုပေါင်းဝင်ငွေဒေါ်လာ သုံးဘီလျံနီးပါးရရှိခဲ့ပြီး အော်စကာဆု ၁၇ ဆု ရရှိခဲ့သည်။
Amazon သည် J.R.R Tolkien ၏ စိတ်ကူးယဉ်ဝတ္ထု The Lord of the Rings ကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရန် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့် ဝယ်ယူခဲ့သည်။ ယင်းသည်အွန်လိုင်းတွင် လစဉ်ကြေးဖြင့် ဗီဒီယို၊ သီချင်းများ ထုတ်လွှင့်သည့် Amazon Prime အတွက် ပရိသတ်များကို ဆွဲဆောင်ရာတွင် တန်ဖိုးအကြီးဆုံး ကြိုးပမ်းမှုဖြစ်သည်။
စိတ်ကူးယဉ်ကမ္ဘာ Middle-earth ကို နောက်ခံထားပြီး The Fellowship of the Ring မတိုင်မီ ဇာတ်အိမ်အသစ်များဖြင့်ရိုက်ကူးမည့် Lord of the Rings ရုပ်သံဇာတ်လမ်းတွဲ၏ တီထွင်ဖန်တီးမှုအဖွဲ့တွင် Breaking Bad နှင့် Game of Thrones ဇာတ်လမ်းတွဲတို့၏ ထုတ်လုပ်သူများလည်း ပါဝင်မည်ဟု Amazon က ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် Amazon စတူဒီယိုသည် Transparent ကဲ့သို့သော အွန်လိုင်းရုပ်သံဇာတ်လမ်းတွဲများဖြင့် ပရိသတ်အားပေးမှုရ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်