
ကိုရီးယားသရုပ်ဆောင်နှင့် JYJ အမျိုး သားအဆိုတော်အဖွဲ့၏ အဖွဲ့ဝင်ဟောင်းဖြစ်သည့် ပက်ယိုးချန်သည်၂၀၁၆ ခုနှစ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်နှင့် ပတ်သက်ပြီး စစ်ဆေးခံနေရစဉ်အတွင်း ရဲအရာရှိများကို နေအိမ်သို့ ဖိတ်ခေါ်ပြီး ညစာတည်ခင်းဧည့်ခံခဲ့သည်ဆိုသော သတင်းပေးချက်ကို စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ယိုးချန်သည် ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း အမျိုးသမီးလေးဦးက ၂၀၁၆ ခုနှစ်တွင် စွပ်စွဲခဲ့သည်။ ယိုးချန်ကလည်း ယင်းအမျိုးသမီးများကို အသရေဖျက်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် တစ်လကြာ စစ်ဆေးခဲ့ပြီး ယင်းအမှုလေးခုကို အစိုးရ ရှေ့နေထံ တင်ပို့ခဲ့သော်လည်း ပက်သည် မုဒိမ်းမှုစွပ်စွဲချက်များအတွက် စွဲချက်မတင်ခံခဲ့ရပေ။
“သတင်းပေးချက်က မှန်လား၊ မှားလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး။ အဲဒီအချိန်က ပက်ရဲ့အမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိတွေနဲ့ ပက်ရဲ့ ဆက်ဆံရေးကို ဒီနေ့ကစပြီး စုံစမ်းစစ်ဆေးနေပါပြီ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
ပက်သည် မက်သာဖက်တမင်း ၁.၅ ဂရမ်ကို နေရာသုံးခုမှ ဝယ်ယူခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ရည်းစားဟောင်း Hwang Ha-na နှင့်အတူ နေရာငါးနေရာတွင် သုံးစွဲခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ မူးယစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပက်သည် ဇူလိုင် ၂ ရက်တွင် နှစ်နှစ်ခံဝန်ဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၁၀ လနှင့် ဒဏ်ငွေ ဝမ် ၁.၄ သန်း ချမှတ်ခံခဲ့ရသည်။ ရည်းစားဟောင်းအတွက် မူးယစ်ဆေးဝယ်ယူပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကိုမူ ယိုးချန်က ငြင်းဆိုခဲ့သည်။
မူးယစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပက်သည် အနုပညာအလုပ်များကို အနားယူလိုက်ပြီဟု ၎င်း၏ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဧပြီ ၂၆ ရက်နောက်ပိုင်းမှစပြီး ထိန်းသိမ်းခံခဲ့ရသည့် ယိုးချန်က ဆိုင်းငံ့ထောင်ဒဏ်ဖြင့် လွတ်မြောက်ခဲ့ပြီးနောက် ၎င်း၏ အပြုအမူအတွက် နောင်တရကြောင်း ပြောကြားခဲ့သည်။ လူမှုအကျိုးပြုအလုပ်များစွာကိုလုပ်ပြီး ရိုးရိုးသားသားနေထိုင်ကာ ပရိသတ်များ၏ယုံကြည်မှု ပြန်လည်ရရှိရန် ပြင်းပြင်းထန်ထန်ကြိုးစားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်