
နိုင်ငံတကာတွင် ရုံတင်ပြသလျက်ရှိသည့် JUMANJI: The Next Level ရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့၌ ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ ရုံတင်ပြသထားသည်။
ယင်းဇာတ်ကားကို ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ နိုင်ငံအချို့၌ စတင်ပြသခဲ့ပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့၌ ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ ရုံတင်ပြသမည်ဖြစ်သည်။
Spencer သည် Jumanji ဗီဒီယိုဂိမ်းစက်မှ အစိတ်အပိုင်းများကို သူငယ်ချင်းများမသိအောင် သိမ်းဆည်းထားပြီး ယင်းအစိတ်အပိုင်းများကို အဘိုးအိမ်၏မြေအောက်ခန်းတွင် ပြန်လည်ပြင်ဆင်နေခဲ့သည်။ သူငယ်ချင်းများ Spencer ထံ ရောက်ရှိလာချိန်တွင် ဂိမ်းစက်မှပွင့်လျက်ရှိနေပြီး Spencer မှာ ပျောက်ဆုံးနေခဲ့သည်။ သို့အတွက် သူငယ်ချင်းများသည် ဂိမ်းစက်အတွင်းသို့ ပြန်ဝင်ကာ သူငယ်ချင်း Spencer အား ကယ်တင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူငယ်ချင်းတစ်စုသည် ဂိမ်းထဲရှိ မိမိတို့နှစ်သက်ရာ ဇာတ်ကောင်ကိုရွေးချယ်မှု မလုပ်နိုင်ခင်မှာပင် ဆူညံသံများကြောင့် Spencer ၏အဘိုးဖြစ်သူ Eddie နှင့် သူငယ်ချင်း Milo Walker တို့ရောက်ရှိလာပြီး ဂိမ်းစက်ထဲသို့ ဆွဲငင်ခေါ်ယူခြင်းခံလိုက်ရတော့သည်။ ထိုသို့ဖြင့် Jumanji ဂိမ်းစက်အတွင်း ချမှတ်ထားသည့် လုပ်ဆောင်ချက်များကို အောင်မြင်အောင်လုပ်ဆောင်ရင်း ပြင်ပကမ္ဘာသို့ ပြန်လည်ရောက်ရှိနိုင်ရန် ကြိုးပမ်းရသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။
JUMANJI: The Next Level ရုပ်ရှင်ကို ဒါရိုက်တာ Jake Kasdan ရိုက်ကူးပြီး Dwayme Johnson, Jack Black, Kevin Hert တို့ ပါဝင်ထားသည်။
ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ Red Suite၊ မင်္ဂလာ(ဂမုန်းပွင့်၊ တာမွေ၊ Gold Class)၊ JCGV ရုံများ၊ Mega Ace (Time City, Capital) ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း၊ JCGV တို့အပြင် ပုသိမ်မြို့ မင်္ဂလာရွှေပြည်သာ ရုပ်ရှင်ရုံနှင့် မော်လမြိုင်နှင့် နေပြည်တော်တို့ရှိ JCGV ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်