
Disney မှ ဖြန့်ချိပေးထားသော Frozen 2 အန်နီမေးရှင်းဇာတ်ကားကို ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြောက်အမေရိကတွင် ရုံတင်ပြသခဲ့ရာ ဝင်ငွေဒေါ်လာ ၃၄.၇ သန်းရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် သီတင်းပတ်သုံးပတ်ဆက်တိုက် ရပ်တည်နေကြောင်း သိရသည်။ ယခုသီတင်းပတ်တွင် STX မှ ဖြန့်ချိပေးထားသော Play-mobil ဇာတ်ကားသစ်ကို မြောက်အမေရိကဒေသ၌ ရုံတင်ပြသခဲ့သော်လည်း ပွဲဦးထွက်ဝင်ငွေနည်းပါးခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင် ၁၀ ကားစာရင်းထဲတွင်လည်း မပါဝင်ခဲ့ပေ။
Frozen 2 ဇာတ်ကားသည် နိုင်ငံတကာတွင် ရုံတင်ပြသမှုမှ စုစုပေါင်းဝင်ငွေဒေါ်လာ သန်း ၉၀၀ ထိ ရရှိထားပြီး မြောက်အမေရိကဒေသ၌ ရုံတင်ပြသရက် သီတင်းပတ်သုံးပတ်မြောက်အတွင်းသို့ ရောက်ရှိလာချိန်တွင် ယင်းဇာတ်ကားသည် ဝင်ငွေဒေါ်လာ တစ်ဘီလျံအထိ ရရှိထားသည်။
ရေခဲခြင်း၊ နှင်းကျခြင်းတို့ကို ပြုလုပ်နိုင်သော မွေးရာပါမှော်အစွမ်းကို ပိုင်ဆိုင်ထားသည့် နှင်းဘုရင်မလေး အယ်ဆာ၏ နန်းတက်ပွဲ အခမ်းအနားကျင်းပပြီးနောက် သုံးနှစ်အကြာတွင် အယ်ဆာသည် ၎င်းအား မြောက်အရပ်သို့ ဆွဲငင်ခေါ်ဆောင်နေသည့် အသံတစ်သံကို စတင်ကြားခဲ့ရာမှ ညီမဖြစ်သူအန်နာနှင့် သူငယ်ချင်းများဖြစ်သော နှင်းအရုပ်လေး Olaf၊ နှင်းရှင်းသမား Kristoffi တို့နှင့်အတူ အသံလာရာနေရာသို့ စွန့်စားခန်းထွက်ခဲ့ကြသည်။ ထိုသို့ထွက်ခွာသွားရောက်ရင်း အယ်ဆာပိုင်ဆိုင်ထားသော မှော်အစွမ်း၏ မူလရင်းမြစ်များကို ရှာဖွေရာမှ ဖြစ်ပေါ်လာသည်များကို Frozen 2 ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပေးထားသည်။ ဒေါ်လာသန်း ၁၅၀ အကုန်ကျခံရိုက်ကူးထားသော ယင်းဇာတ်ကားထဲတွင်Idina Menzel, Kristen Bell, Jonathan Froff, Josh Gad တို့က အသံနောက်ခံဖြင့် ပြောကြားပေးထားသည်။
စာရေးဆရာတစ်ဦး အသတ်ခံရမှုတွင် တရားခံအား စုံစမ်းဖော်ထုတ်ရန်အတွက် သမ္ဘာရင့်စုံထောက်တစ်ဦးသည် သံသယရှိသူများကို ရွေးထုတ်ကာ အလိမ်အညာခင်း အလီဘိုင်များထဲမှ သဲလွန်စရှာဖွေသည့် အကြောင်းကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားသော လျှို့ဝှက်ဆန်းကြယ်ဇာတ်ကား Knives Out မှာ ဝင်ငွေဒေါ်လာ ၁၄.၂ သန်းဖြင့် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်နှစ်နေရာ၌ ရပ်တည်နေသည်။
Fox မှ ဖြန့်ချိပေးထားသော အမေရိကန်ပြိုင်ကားဇာတ်ကား Ford v Ferrari သည် ဝင်ငွေဒေါ်လာ ၆.၅ သန်းဖြင့် နံပါတ်သုံးနေရာတွင် ရပ်တည်နေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်