
Netflix က ဖြန့်ချိခဲ့သည့် ဒရာမာဇာတ် မြူးဇာတ်ကား Marriage Story သည် ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆုခြောက်ဆုအတွက် ဦးဆောင်ခဲ့သည်။
ဟောလိဝုဒ်၏ ထိပ်တန်းရုပ်ရှင်ဒါရိုက်တာများနှင့် သရုပ်ဆောင်များကို ဆွဲဆောင်ရန် ဒေါ်လာ ဘီလျံများစွာ အသုံးပြုခဲ့ပြီး ဆုပေးပွဲ ရာသီလှုပ်ရှားမှုများအတွက် ရန်ပုံငွေရက်ရက် ရောရောအသုံးပြုခဲ့သည့် အွန်လိုင်းရုပ်သံနှင့် ထုတ်လုပ်ရေးကုမ္ပဏီ Netflix က ဆန်ခါတင်ဆု ၁၇ ဆုဖြင့် ဟောလိဝုဒ်ထုတ်လုပ်ရေး စတူဒီယိုများကို အပြတ်အသတ်ကျော်တက်ခဲ့သည်။
ဒါရိုက်တာမာတင်စကော့ဆေးဆေး ရိုက်ကူးသည့် The Irishman ဇာတ်ကားနှင့် ဒါရိုက်တာ ကွန်တင်တာရန်တီနိုရိုက်ကူးသည့် Once Upon a Time in Hollywood ဇာတ်ကားသည် ဆုငါးဆုစီအတွက် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံခဲ့ရသည်။ မှုခင်းဇာတ်ကား The Irishman သည်လည်း Netflix က ထုတ်လုပ်သည့် ဇာတ်ကားဖြစ်သည်။
Netflix တွင် ထုတ်လွှင့်သည့် အတ္ထုပ္ပတ္တိ ဒရာမာဇာတ်ကား The Two Popes သည်လည်း အဓိကအမျိုးသားသရုပ်ဆောင်ဆုနှင့် အမျိုးသားဇာတ်ပို့သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။
Netflix ၏ အတ္ထုပ္ပတ္တိ ဇာတ်မြူးဇာတ်ကားဖြစ်သည့် Dolemite Is My Name ဇာတ်ကားသည်လည်း အကောင်းဆုံးဇာတ်ကားဆု (ဂီတပဒေသာ/ ဇာတ်မြူး) နှင့် အက်ဒီမာဖီအတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။
ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့သည့် Joker ဇာတ်ကားသည် အကောင်းဆုံးဒရာမာ ဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် အမျိုးသား သရုပ်ဆောင်ဆုတို့အတွက် လျာထားခံခဲ့ရသည်။
အဆိုတော် ဘီယွန်းစေး၊ တေလာဆွစ်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် best original Song ဆုအတွက် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံခဲ့ရသည်။ တောင်ကိုရီးယားဒါရိုက်တာ Bong Joon-ho ၏ Parasite ဇာတ်ကားက အကောင်းဆုံးနိုင်ငံခြား ဘာသာစကားပြောဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် ဇာတ်ညွှန်းဆုအတွက် လျာထားခံခဲ့ရသည်။
ရွှေကမ္ဘာလုံးဆုသည် ဖေဖော်ဝါရီတွင် ကျင်းပမည့် အော်စကာဆုပေးပွဲအတွက် အရေးပါသည့် ဆုပေးပွဲတစ်ခုအဖြစ် ယူဆခံခဲ့ရသည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဒရာမာဇာတ်ကား၊ ဂီတပဒေသာ/ ဇာတ်မြူးဇာတ်ကားများအတွက် ဆုကို သီးခြားစီ ရွေးချယ် ချီးမြှင့်သည့် ဆုပေးပွဲဖြစ်သည်။ Hollywood Foreign Press Association က ၂၀၁၉ ခုနှစ်အတွင်း ဖြန့်ချိ၊ ထုတ်လွှင့်ခဲ့သည့် ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများထဲမှ အကောင်းဆုံးများကို ရွေးချယ်ချီးမြှင့်သည့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက် တွင် ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်