
ဝေါဒစ္စနေ၏ အန်နီမေးရှင်းဇာတ်ကား Frozen 2 သည် တောင်ကိုရီးယားတွင် ဖြန့်ချိပြီး ၁၇ ရက်အတွင်း ကြည့်ရှုသူ ၁၀ သန်း ကျော်ရရှိခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းဇာတ်ကားသည် ကိုရီးယားတွင် လက်မှတ်စောင်ရေရောင်းချရမှု ၁၀ သန်း ကျော်ရရှိသည့် ဇာတ်ကားစာရင်းတွင် ၂၇ ကားမြောက် ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့သည်။
မွေးရာပါမှော်အစွမ်းကို ပိုင်ဆိုင်ထားသော အယ်ဆာမင်းသမီး၏ နန်းတက်ပွဲအခမ်းအနား ကျင်းပပြီးနောက် သုံးနှစ်အကြာတွင် အယ်လ်ဆာ၏ညီမဖြစ်သူ အန်နာက သူ၏မိတ်ဆွေများဖြစ်သည့် နှင်းအရုပ် Olaf ၊ နှင်းရှင်းသမား Kristoffi တို့နှင့်အတူ အယ်ဆာ၏ မှော်စွမ်းအင်မူလဇာစ်မြစ်ကို ရှာဖွေရန်နှင့် Arendelle တိုင်းပြည်ကို ကယ်တင်ရန်အတွက် ခရီးထွက်ခွာရင်း ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်များကို ရိုက်ကူးထားသည့် Frozen 2 ဇာတ်ကားသည် တောင်ကိုရီးယားတွင် စတင် ဖြန့်ချိခဲ့သည့် နိုဝင်ဘာ ၂၁ ရက်မှာပင် လက် မှတ်ရောင်းချရမှုဝင်ငွေ စံချိန်တင်ခဲ့သည်။
ဒါရိုက်တာ ခရစ်ဘက်နှင့် ဂျနီဖာလီတို့ ရိုက်ကူးပြီး အီဒီနာမန်ဇယ်၊ ခရစ်ရှန်ဘဲလ်၊ ဂျွန်နသန်ဖရော့ဖ်နှင့် Josh Gad တို့က နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။
အမေရိကန်၌ နိုဝင်ဘာ ၂၂ ရက်က ဖြန့် ချိခဲ့သည့် ယင်းဇာတ်ကားသည် ရုပ်ရှင်ဝေဖန်ရေးသမားများ၏ အပြုသဘောဆောင်သည့် သုံးသပ်မှုများကိုရရှိခဲ့သည်။ ယင်းဇာတ်ကား၏ အန်နီမေးရှင်း၊ ဇာတ်ညွှန်း၊ ဂီတနှင့် နောက်ခံအသံသရုပ်ဆောင်မှုများကို ဝေဖန်ရေးသမားများက ချီးကျူးခဲ့သည်။
Frozen 2 ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ်လာ ၇၅၆ သန်း ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ဝင်ငွေအများဆုံးရ အန်နီမေးရှင်းဇာတ်ကား စာရင်းတွင် နံပါတ်သုံးနေရာ၌ ရပ်တည်ခဲ့သည်။
၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် Frozen ဇာတ်ကားသည်လည်း တောင်ကိုရီးယားတွင် ကြည့်ရှုသူ စုစုပေါင်း ၁၀.၃ သန်းကျော်ရရှိခဲ့ သည်။ ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ် လာ ၁.၂၇ ဘီလျံရရှိခဲ့ပြီး (၈၆) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အန် နီမေးရှင်းဇာတ်ကားဆုနှင့် Best Original Song ဆုကို ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်