
တေးသံရှင်တင်ဇာမော်၏ New Year’s Eve Party with Tin Zar Maw တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ရန်ကုန်မြို့ Sky Star Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတ ဖျော်ဖြေပွဲတွင် ၂၀၂၀ နှစ်သစ်ကို ကြိုဆိုရန် ပျော်ရွှင်ဖွယ်အစီအစဉ်များစွာဖြင့် တင်ဆက်မည်ဖြစ်ပြီး တေးသံရှင်တင်ဇာမော်နှင့်အတူ Dream Lover တီးဝိုင်းက တွဲဖက်တင်ဆက်မည်ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ်မတိုင်မီတွင် ဂိမ်းကစားနိုင်သည့် အစီအစဉ်များ၊ မျက်လှည့်၊ ဒီဂျေစသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ၊ ဓာတ်ပုံတွဲဖက်ရိုက်ကူးနိုင်သည့် အစီအစဉ်များ၊ နှစ်သစ်လက်ဆောင် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
တေးသံရှင်တင်ဇာမော်သီချင်းများအား ဆိုချင်သူများအတွက် ကာရာအိုကေ Corner ကိုလည်း သီးခြားထားပေးမည်ဖြစ်သည်။ တေးသံရှင်တင်ဇာမော်မှာ ဂီတဖြတ်သန်းမှုတစ်လျှောက် ထင်ရှားအောင်မြင်ခဲ့သည့် တေးသီချင်းများအား သီဆိုဖျော်ဖြေမည်ဖြစ်ကာ နှစ်သစ်ကိုကြိုဆိုသည့် Countdown အစီအစဉ်ကိုလည်း ပရိသတ်များနှင့်အတူ ပြုလုပ်ရန် စီစဉ်ထားသည်။ ပွဲပြီးဆုံးချိန်တွင် Sky Star Hotel အပေါ်ထပ်ရှိ Angel Bar တွင် ဆက်လက်ဆင်နွှဲနိုင်မည်ဖြစ်ကာ အစားအသောက်များကိုလည်း ဟိုတယ်မှ စီစဉ်ရောင်းချပေးမည်ဖြစ်သည်။ ပွဲအတွက်လက်မှတ်များကို ဒီဇင်ဘာ ၇ ရက်တွင် စတင်ရောင်းချလျက်ရှိကာ လက်မှတ်စျေးနှုန်းအား ကျပ်ငါးသောင်းဟု သတ်မှတ်ထားကြောင်းသိရသည်။
တေးသံရှင်တင်ဇာမော်သည် မြန်မာနိုင်ငံတွင် နှစ်သစ်မကြိုဆိုဖြစ်သည်မှာ ၁၂ နှစ်ကြာမြင့်ပြီးနောက် ယခုနှစ်တွင် ပရိသတ်များနှင့်အတူ ဆုံတွေ့ကာ အမှတ်တရတင်ဆက်မည်ဖြစ်သည်။ တေးသံရှင်တင်ဇာမော်သည် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းတိုက် လေ့ကျင့်ပြင်ဆင်မှုများကိုလည်း ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင်တင်ဇာမော်သည် ယခုဖျော်ဖြေပွဲအတွက် ပရိသတ်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်