
တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Black Pink သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Dome အားကစားရုံ၌ ဒီဇင်ဘာ ၄ ရက်တွင် ဖျော်ဖြေခဲ့ရာ ပရိသတ် ၅၅,၀၀၀ ခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ YG Entertainment က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဖွဲ့ဝင်လေးဦးဖြင့် ဖွဲ့စည်းထားသည့် Black Pink အဖွဲ့သည် Black Pink 2019- 2020 ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်တစ်ခုအဖြစ် ယင်းဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု YG က ထုတ်ပြန်ခဲ့သည်။
Black Pink အဖွဲ့သည် Forever Young ၊ Kill This Love ၊ Playing With Fire ၊ Boonbayah နှင့် Ddu- Du Ddu- Du အပါအဝင် ၎င်းတို့၏ အောင်မြင်သောသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အားကစားသတင်းစာ ခြောက်ခုအပါအဝင် ဂျပန်နိုင်ငံ၏ အထင်ကရမီဒီယာများတွင် Black Pink အဖွဲ့၏ Tokyo Dome တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲအကြောင်း ဝေဝေဆာဆာဖော်ပြခဲ့သည်။
ယင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တွင် အိုဆာကာမြို့ရှိ Kyocera Dome နှင့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တွင် ဖူကူအိုကာမြို့ရှိ Fukuoka Dome တို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ယင်းအဖွဲ့သည် လာမည့်နှစ် အစောပိုင်းတွင်လည်း ပြည်တွင်း၌ ဖျော်ဖြေမှုများပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Black Pink အဖွဲ့သည် အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ဖြန့်ချိမည်ဟု သိရသည်။
2 NE 1 အဖွဲ့ဖွဲ့စည်းပြီးနောက် ခြောက် နှစ်ခန့်အကြာတွင် YG က ပထမဆုံးစတင်ခဲ့သည့် Black Pink အဖွဲ့သည် ဂီတသက်တမ်း သုံးနှစ်အတွင်း သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။ ယင်းအဖွဲ့သည် You Tube တွင် ကြည့်ရှုမှုနှုန်း တစ်ဘီလျံကျော်ရရှိခဲ့သည့် ပထမဆုံးကေပေါ့ပ် အဆိုတော်အဖွဲ့အဖြစ် စံချိန်သစ်တင်ခဲ့သည်ဟု You Tube က နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည်။
Black Pink အဖွဲ့၏ Ddu Du Ddu Du သီချင်းဗီဒီယိုသည် YouTube ၌ ဖြန့်ချိပြီး ၁၇ လခန့်အကြာတွင် ကြည့်ရှုမှုနှုန်း တစ်ဘီလျံကျော် ရရှိခဲ့သည်ဟု YG Entertainment က ထုတ်ပြန်ခဲ့သည်။ သွက်လက်ပေါ့ပါးသည့် ကကွက်များကြောင့်လည်း Black Pink အဖွဲ့သည် အချိန်တိုအတွင်း အောင်မြင်မှု ရရှိလာခဲ့သည်။ ယင်းအဖွဲ့သည် အဆိုတော် Psy ပြီးလျှင် YouTube တွင် ကြည့်ရှုမှုနှုန်း တစ်ဘီလျံကျော်ရရှိခဲ့သည့် ဒုတိယမြောက် ကေပေါ့ပ် အနုပညာရှင်များ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်