
FMI ရှယ်ယာ တစ်စုကို ၁၃၅ ကျပ်ပဲ ပေးနိုင်တာကြောင့် ဈေးနှုန်းတွေ ပြုတ်ကျခဲ့တဲ့ စတော့ဈေးကွက်မှာ သီလဝါဟာလည်း ရှယ်ယာတစ်စုကို ကျပ်၂၅၀၀ ပဲ ပေးနိုင်မယ် ထုတ်ပြန်ခဲ့လို့ ရှယ်ယာဈေးတွေ စံချိန်တင် ကျဆင်းခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာ ဆွဲတင်ထားတဲ့ ရှယ်ယာ ဈေးတွေကြောင့် ဒီလိုဈေးနှုန်း ပြုတ်ကျမှုတွေ ဖြစ်လာနေဦးမှာလို့ သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ အထူးပြု ဖော်ပြလိုတာကတော့ မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင်မှာ ရွှေထက် ရှားပါးတဲ့ Rare Earth ထွက်ပြီး ဒီနေရာမှာ ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေတယ်။ တရုတ်နိုင်ငံသား နှစ်ဦး နေထိုင်တယ်ဆိုတဲ့ သတင်းနဲ့ ဝင်ငွေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို စားဝတ်နေရေး အတွက် အသုံးပြုနေရဆဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကိုပါ။ကမ္ဘာ့ဈေးကွက်က ရှားပါးမြေရှား ဒြပ်စင် Rare Earth Rare Earth ဆိုတာကို တိုက်ရိုက် ပြန်ဆိုမယ်ဆိုရင် မြေရှားဒြပ်စင်လို့ ဘာသာပြန်ရမှာ ဖြစ်ပါတယ်။ ဒီလို Rare Earth တွေ မြန်မာနိုင်ငံမှာ ထွက်ရှိတယ် ဆိုပြီး သတင်း ထွက်နေတာက မွန်ပြည်နယ် တင်မကဘဲ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဘက်မှာလည်း တွေ့တယ်ဆိုပြီး မကြာခဏ သတင်းတွေ ထွက်တဲ့ သတ္တုလည်း ဖြစ်ပါတယ်။Rare Earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်ပြီး အဲဒါတွေ Scandium (Sc-21), Yttrium (Y-39), Lanthanum (La-57), Cerium(Ce-58), Praseodymium (Pr-59), Neodymium (Nd-60), Promethium (Pm-61), Samarium (Sm-62), Europium (Eu-63), Gadolinium (Gd-64), Terbium (Tb-65), Dysprosium (Dy-66), Holmium (Ho-67), Erbium (Er-68), Thulium (Tm-69), Ytterbium (Yb-70), and Luteium (Lu-71) တို့ ဖြစ်ပါတယ်လို့ ဝီကီပီဒီးယားမှာ ဖော်ပြထားပါတယ်။Rare Earth တွေဟာ လူသားတွေ နေ့စဉ် သုံးစွဲနေတဲ့ အရာများစွာမှာ ပါဝင်နေပါတယ်။ တီဗွီ၊ ကွန်ပျူတာ၊ သေးငယ်တဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖို၊ သေးငယ်တဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပျူတာ Hard Disk၊ နားကျပ်၊ စပီကာနဲ့ သံလိုက် ဓာတ်သုံးရတဲ့ နေရာတိုင်းလိုလိုမှာ အဲဒီ ၁၇ မျိုးက တစ်မျိုး မဟုတ် တစ်မျိုး ထည့်သုံးထားတယ်လို့ ဆိုပါတယ်။ကမ္ဘာမှာ Rare Earth ထုတ်လုပ်နိုင်တဲ့ ထိပ်တန်း နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး သူဟာ Rare Earth တွေကို ကမ္ဘာပေါ်မှာ အများဆုံး ထုတ်ယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါအပြင် ဘရာဇီး၊ မလေးရှား၊ အိန္ဒိယ၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း တူးဖော်တယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ Rare Earth တွေရဲ့ ၃၇ ရာခိုင်နှုန်းလောက်ပဲ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် သူ့ရဲ့ထုတ်ယူမှု ပမာဏဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၉၀ ကျော် ထုတ်ယူ တင်ပို့မှု ပြုလုပ်ပါတယ်။ ဒီလို ရှိတာထက် ပိုထုတ်နိုင်တဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ Rare Earth တွေထွက်ပြီး တရုတ်နိုင်ငံသားတွေ တူးဖော်နေတယ် ဆိုတာတွေက စဉ်းစားစရာ အခြေအနေတွေ ဖြစ်နေပြန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ Rare Earth တွေ တကယ်ထွက် မထွက်ဆိုတာကိုလည်း တရားဝင် ပြောဆိုမှု မရှိသေးတာလည်း တွေ့ရပါတယ်။Rare Earth တကယ် ထွက်နေလားမွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင်မှ နတ်ကြီးချောင်ရွာ အနီးမှာ ခွင့်ပြုချက် မရဘဲ HEIN MYANMAR INTERNATIONAL ကုမ္ပဏီက လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသား နှစ်ဦး နေထိုင်မှုနဲ့ ပတ်သက်ပြီး ဒီကုမ္ပဏီဟာ မည်သည့် လုပ်ငန်း ကိစ္စ၊ မည်သူ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတာကို သိလိုကြောင်းနဲ့ ဒီတရုတ် နိုင်ငံသား နှစ်ဦးဟာ ဘာကိစ္စနဲ့ နတ်ကြီးချောင်ရွာ နေအိမ်မှာ နေထိုင်နေပြီး HEIN MYANMAR INTERNATIONAL ကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ဆောင်နေတာကို သိလိုကြောင်း၊ ဒီတရုတ်နိုင်ငံသားတို့ နေထိုင်မှုကို လဝက က မည်သို့ ခွင့်ပြုထားသည်ကို သိလိုကြောင်း မေးမြန်းခြင်းတို့ကို တိကျတဲ့ အဖြေမရရှိတဲ့ အတွက် မွန်ပြည်နယ် လွှတ်တော် တတိယနေ့ (ဇွန် ၂၉ ရက်) မှာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးမြန်းမှု ပြုခဲ့ပါတယ်။“ဒီကလူတွေ သာမန်အားဖြင့် ကျောက်မိုင်းပဲ သိကြတယ်။ အဲဒီ ကျောက်မိုင်းအုပ်စု နောက်ကွယ်မှာ တရုတ်တွေပဲ ကျောက်မိုင်းက ရှုံးနေတဲ့ အချိန်မှာ ကျုံကမိုင်းဆို တရုတ် ၁၆ ယောက် ရှိနေတယ်။ မြေတွေ ဝယ်ပြီး ဒီ Rare Earth ကို ထုတ်နေကြတာပဲလို့ ယုံကြည်နေတယ်။ ဒီကုမ္ပဏီက ဘာခွင့်ပြုချက်မှလည်း မကျဘူး။ တရုတ်တွေက နေနေတာ ဧပြီကတည်းက နေထိုင်နေကြတယ်။ သူတို့က သတ္တုပညာရှင်ဆိုရင် သတ္တုဝန်ကြီးဌာန ထောက်ခံချက်ပါရမှာပေါ့” ဟု ဦးထွန်းမင်းအောင်က ဆိုတယ်။ဒီလို ထပ်ဆင့် မေးမြန်းတာကို လွှတ်တော်က မှတ်တမ်းအဖြစ် ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပထအကြိမ် ဦးထွန်းမင်းအောင် မေးမြန်းစဉ်က စီမံ၊ ဘဏ္ဍာ၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးဝဏ္ဏကျော်က ဖြေကြားရာမှာ ဒီကုမ္ပဏီဟာ လမ်းခင်းကျောက် လုပ်ငန်း လိုင်စင်အတွက် (၃၀-၃- ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်) မှာ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို တင်ပြထားကြောင်းနဲ့ တရားဝင် ခွင့်ပြုချက် မကျမီမှာ နိုင်ငံခြားသားတွေ နေအိမ်မှာ တည်းခိုခြင်း မပြုရန် ညွှန်ကြားထားတယ်လို့ ဖြေကြားထားတာ တွေ့ရပါတယ်။ “နိုင်ငံတော်ကို သိစေချင်တာ Rare Earth က ထွက်နေပြီလား။ မထွက်သေးဘူးလား။ လာပြီး စမ်းသပ်စေချင်ပါတယ်။ ဒီနတ်ကြီးချောင်မှာ ထုတ်လုပ်ခွင့် လိုင်စင်ရပြီး နိုင်ငံခြားသား ရှိနေတာ သံသယ မရှိပါဘူး။ အခု ဘာလိုင်စင်မှ မရှိဘဲ ယန္တရားကြီးတွေနဲ့ တူးနေတာ ဟိုက သစ်တောမြေနဲ့ငြိလို့ ပိတ်ရင်၊ ပြန်ရုံပဲ ရှိတာပေါ့။ မပြန်တာကို ပြည်သူရော ကျွန်တော်တို့ပါ သံသယ ရှိလာကြတယ်။ အဲဒီ နိုင်ငံခြားသားရဲ့ လုံခြုံရေးကိုလည်း ဘယ်သူ့မှာ တာဝန်ရှိသလဲ။ အုပ်ချုပ်ရေးမှူးက သတင်း မပို့ဘူးဆိုတာ သူ့အသိက နည်းနေတာလည်း ဖြစ်မယ်။ လာဘ်စားတာလည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ခုခုဖြစ်ရင် နိုင်ငံတော်နဲ့ ဆိုင်တယ်။ ဘာကြောင့်လဲ နိုင်ငံခြားသား ဖြစ်နေလို့ပါ။ ပြည်နယ်အဆင့် နိုင်ငံတော် အဆင့် ဖြေရှင်းရမှာ။ သူတို့က ဗီဇာနဲ့ လာတာကိုး” ဟု ဦးထွန်းမင်းအောင် က ဆိုတယ်။Rare Earth တွေ တကယ် ထွက်နေလား မထွက်ဘူးလား။ အတိအကျ ထုတ်ပြန်ထားမှု မရှိပေမယ့် မြန်မာ့ သယံဇာတတွေကတော့ တရားမဝင် ခိုးထုတ်ခံနေရတာ ကြာလှပါပြီ။ ဒီ Rare Earth တကယ်ထွက် မထွက် သတ္တုတွင်း ဝန်ကြီးဌာန အနေနဲ့ ဆန်းစစ်မှုတွေ လုပ်သင့်သလို ထွက်နေပြီးတော့ ခိုးထုတ်ခံနေရတယ် ဆိုရင်လည်း တားဆီးမှုတွေ အမြန်ဆုံး လုပ်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။ဆင်းရဲနေဆဲ မြန်မာပြည်သူတွေရဲ့ အစားအစာ အတွက် ကုန်နေတဲ့ ဝင်ငွေရဲ့ ၅၁ ရာခိုင်နှုန်းကျော်မြန်မာနိုင်ငံမှာ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှ ဆန်စားသုံးမှုဟာ ၁၅၅ ဒသမ ၁၄ ကီလိုဂရမ် ရှိပြီး ယခုနှစ် ပြည်တွင်းဆန် စားသုံးမှုဟာ တန်ချိန် ရှစ်သန်းခန့် ရှိပါတယ်။ ဒါအပြင် ဆင်းရဲမွဲတေမှု ပြယုဂ်အဖြစ် မိသားစု ဝင်ငွေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို အစားအစာ အတွက် အသုံးပြုနေရတယ်လို့ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနက တွဲဖက် ပါမောက္ခ ဒေါက်တာ သိင်္ဂီမြင့်က ဇူလိုင် ၁ ရက်မှာ ကျင်းပတဲ့ လူတစ်ဦးချင်းဆန် စားသုံးမှု စစ်တမ်းကို ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။ဆန်စားသုံးမှုကို လေ့လာမှုအရ တစ်နိုင်ငံလုံး တစ်ဦးချင်း တစ်နှစ်ကို ပျမ်းမျှ ဆန်စားသုံးမှု ၁၅၅ ဒသမ ၁၄ ကီလိုဂရမ်ရှိပြီး လူတစ်ဦးချင်း အနည်းဆုံး ဆန်စားသုံးမှုက ၄၃ ဒသမ ၁၀ ကီလိုဂရမ်နဲ့ အများဆုံး စားသုံးမှုက ၃၂၆ ဒသမ ၁၁ ကီလိုဂရမ် အထိ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်ကို အဓိက စားသုံးတဲ့ မြန်မာနိုင်ငံမှာ အရင်က အစားအစာ အတွက် ဝင်ငွေ အသုံးပြုရမှုတွေကို တွက်ချက် ထုတ်ပြန်ရာမှာ CSO ရဲ့ တွက်ချက်မှုတွေ အရ ၁၉၈၉ ခုနှစ်မှာ ၇၃ ဒသမ ၀၄ ရာခိုင်နှုန်း၊ ၁၉၉၇ ခုနှစ်မှာ ၇၀ ဒသမ ၉၅ ရာခိုင်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၇၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်မှာ ၆၄ ဒသမ ၀၆ ရာခိုင်နှုန်း၊ ၂၀၀၆ ခုနှစ်မှာ ၇၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်မှာ ၆၃ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ၅၁ ဒသမ ၃၃ ရာခိုင်နှုန်းသာ ရှိတော့လို့ ဆင်းရဲ မွဲတေမှု လျော့ကျလာတယ် ဆိုရမှာ ဖြစ်ပေမယ့် ဒီပမာဏထက် ဆက်လက် လျော့ကျဖို့ လိုနေပါတယ်။“မြန်မာနိုင်ငံမှာ အစားအသောက် အတွက် သုံးစွဲမှုနဲ့ ပတ်သက်ပြီး CSO က တွက်ထားတာက ၁၉၈၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ တွက်ထားမှုကို လေ့လာမယ်ဆိုရင် အမြင့်ဆုံးက ဝင်ငွေရဲ့ ၇၃ ဒသမ ၀၄ ရာခိုင်နှုန်းကို အစားအသောက် အတွက် သုံးခဲ့ရတဲ့ ၁၉၈၉ ခုနှစ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဝင်ငွေရဲ့ ၆၃ ဒသမ ၅၁ ရာခိုင်နှုန်းကို အစားအသောက် အတွက် သုံးခဲ့ရပါတယ်။ အခုကျတော့ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ စစ်တမ်းအရ ဆိုရင် ၅၁ ဒသမ ၃၃ ရာ ခိုင်နှုန်း ရှိပါတယ်။ အနည်းဆုံးတော့ ဝင်ငွေရဲ့ ထက်ဝက်ကျော်ကို အစားအစာ အတွက် အသုံးပြုနေရတာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် အခြားတစ်ဖက်မှာ ဘာကို သိနိုင်သလဲ ဆိုရင် ကျွန်မတို့ နိုင်ငံမှာ အိမ်ထောင်စု အများအပြားဟာ အစားအသောက် အတွက် ထက်ဝက်ကျော် သုံးနေရတယ် ဆိုတာက သူတို့ဟာ ဆင်းရဲနေတုန်းပဲလို့ ပြောတာ ဖြစ်ပါတယ်။ လူတွေဟာ ဝင်ငွေမြင့်လာရင် အစားအသောက်အတွက် သုံးတာ နည်းသွားပြီး အစားအသောက် အတွက် သုံးသော ရာခိုင်နှုန်း နည်းသွားခြင်းဟာ ကောင်းသော ညွှန်ပြချက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းနေပြီ။ ဒါ့ထက် နည်းဖို့တော့ မျှော်လင့်ရမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာသိင်္ဂီမြင့်က ဆိုပါတယ်။ကမ္ဘာ့ အဆင်းရဲဆုံး အဆင့် ၅၅ နဲ့ အာရှအဆင်းရဲဆုံး အဆင့် ၂ အဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ ဆင်းရဲမွဲတေမှု လျှော့ချဖို့ တာဝန်ဟာ လက်ရှိ အစိုးရဆီကို ပခုံးလွှဲပြောင်း ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပခုံးလွှဲပြောင်း ရောက်လာတဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ဖို့နဲ့ ပြည်သူတွေ စားဝတ်နေရေးအတွက် ဝင်ငွေရဲ့ ထက်ဝက်ကျော်ကို လျှော့ချပေးနိုင်ဖို့ တာဝန်ရှိနေတဲ့ အစိုးရ အနေနဲ့ တာဝန်ကျေအောင် လုပ်နိုင်မလား ဆိုတာကိုတော့ လက်ရှိ လုပ်ဆောင်မှုတွေက လာမယ့် ငါးနှစ် အတွက် စိန်ခေါ်မှု ဖြစ်လာမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို တင်ပြလိုက်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်