
“၀” အဖွဲ့အား ထိုင်းစစ်တပ်က အငြင်းပွားဧရိယာအတွင်းရှိ စခန်းများဖယ်ရှားခိုင်းနေချိန်တွင် ထိုင်းနိုင်ငံရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် နေပြည်တော်သို့ရောက်ရှိလာပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ်မေနဖန်အား နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် မြင်ချင်းဖလှယ်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးစသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ထိုင်းနိုင်ငံကပိုင်သည်ဟုပြောကြားထားသည့် အငြင်းပွားဧရိယာရှိ နေရာကိုးခုခန့်မှ "ဝ"အဖွဲ့(UWSA)၏ စခန်းများကို ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သိမ်းပေးရန် ထိုင်းစစ်တပ်က ပြောကြားခဲ့ပြီးနောက် ထိုင်းစစ်တပ်နှင့် "ဝ" အဖွဲ့တို့ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
အဆိုပါ နယ်စပ်ပြဿနာကိစ္စရပ်ကိုနှင့်ပတ်သက်၍ မြန်မာအစိုးရထံတင်ပြထားကြောင်း "ဝ"အဖွဲ့ (UWSA)က ပြောကြားခဲ့ပြီး ထိုင်းစစ်တပ်ဘက်ကလည်း "ဝ"အဖွဲ့(UWSA)နှင့် ၎င်းတို့ကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့မှု အန္တရာယ်မရှိဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် နေပြည်တော်သို့ရောက်ရှိလာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်