
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ကိစ္စရပ်အားလုံးတွင် တာရှည်တည်တံ့ပြီး ခိုင်မာသည့် တိုးတက်မှုများရရှိရန် မျှော်လင့်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စအား ဥရောပသမဂ္ဂ စောင့်ကြည့်လေ့လာရေး မစ်ရှစ်အဖွဲ့မှ မြန်မာနိုငံတွင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ တိုးတက်ဖြစ်ပေါ်မှုကို အကဲဖြတ်သုံးသပ် ဥရောပကော်မရှင် (European Commissioin) နှင့် European External Action Service (EEAS) တို့မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ဥရောပသမဂ္ဂ၏ လက်နက်ခဲယမ်းမီးကျောက်များမှအပ အရာအားလုံး ကုန်သွယ်မှု ဦးစားပေး အစီအစဉ်များ (EBA) အရ ပိုမိုကျယ်ပြန့်သော ညှိနှိုင်းစေ့စပ်မှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ၏ အစီရင်ခံစာများ၌ အထူးအလေးပေး ဖော်ပြခဲ့သည့် စိုးရိမ်ဖွယ်ရာ အခြေအနေများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ အနေဖြင့် ဥရောပကော်မရှင် (European Commission) နှင့် European External Action Service (EEAS) တို့မှ ယခင်စောင့်ကြည့် လေ့လာရေးအဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ လာရောက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂမှ စောင့်ကြည့်လေ့လာရေးမစ်ရှင် အဖွဲ့သည် ရာဇဝတ်မှုများကို နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် တာဝန်ခံမှု၊ ကုလသမဂ္ဂ အထူးလုပ်ထုံး လုပ်နည်းများနှင့် လုပ်ပိုင်ခွင့်များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများနှင့် ပြည်သူများထံသို့ အကန့်အသတ် အဟန့်အတားမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခွင့်ရရှိမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရသူများ၏ အခြေအနေနှင့် ဘေးဒုက္ခသည်များ၊ နေရပ်သို့ မိမိတို့၏ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ အခြေချ နေထိုင်နိုင်ခွင့်၊ ခွဲခြားဆက်ဆံမှုများ၊ အမုန်းပွားများစေသည့် စကားရပ်များဆိုခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အလုပ်သမား အခွင့်အရေး အစရှိသည့် အကြောင်းအရာများကဲ့သို့ ကိစ္စရပ်ပေါင်းများစွာကို အထူးအလေးပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စောင့်ကြည့်လေ့လာရေး မစ်ရှင်အဖွဲ့သည် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အမှူးပြုသည့် ဝန်ကြီးဌာနများ စုံညီအစည်းအဝေး တစ်ရပ်မှတစ်ဆင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးတို့နှင့် အစည်းအဝေးများ အပါအဝင် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ မစ်ရှင်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး ဒေသခံ ရခိုင်နှင့် ဟိန္ဒူ လူ့အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မစ်ရှစ်အဖွဲ့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၊ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု လုပ်ငန်းရပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခွင့်ရရှိခဲ့ကြောင်း၊ ထို့ပြင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အလုပ်သမား အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ ကုန်သွယ်ရေးသမဂ္ဂနှင့် စီးပွားရေး အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပကော်မရှင် (European Commission) နှင့် European External Action Service (EEAS) တို့သည် မစ်ရှင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များကို သုံးသပ်အကဲဖြတ်မည်ဖြစ်သည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ဆက်လက်၍ စေ့စပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး များမကြာမီ အနာဂတ်တွင် အလေးအနက်ထား ဆောင်ရွက်ရမည့် သက်ဆိုင်ရာ ကိစ္စရပ် အားလုံးတွင် တာရှည်တည်တံ့ပြီး ခိုင်မာသည့် တိုးတက်မှုများ ရရှိစေရန် မျှော်လင့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်