
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော တပ်မတော်ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်စဝ်ခွန်ဆိုင်ဦးဆောင်သော SSPP ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာတွင် လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ရေးအတွက် တစ်လတစ်ကြိမ်တွေ့ဆုံရန် တပ်မတော်ဘက်က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
တပ်မတော်ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP ကိုယ်စားလှယ် အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အကြား နားလည်မှုလွဲမှားနေသော ကိစ္စရပ်များ၊ SSPP တပ်ဖွဲ့ဝင်များ အဖမ်းဆီးခံထားရသော ကိစ္စရပ်များနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးအတွက် နည်းလမ်းရှာဖွေခြင်းများကို အဓိကထားဆွေးနွေးခဲ့ကြသည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားသည်။
“ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ ကျွန်တော်တို့ ပုံမှန်အဓိကတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့ ဗမာစကားတစ်ခုရှိတာပေါ့လေ။ အဲ့ဒါကို ကျွန်တော်တို့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ အဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပုံမှန်ဆက်သွယ်ကြမလဲဆိုတဲ့အပိုင်းကို ကျွန်တော်တို့ နည်းလမ်းရှာကြတာပေါ့။ဥပမာ တစ်လတစ်ကြိမ် တွေ့မလား။ ဘယ်မှာတွေ့ကြမလဲ။ မိုင်းနောင်မှာ တွေ့မလား။ ခိုလမ်မှာ တွေ့မလား။ အဲဒါစသည်ဖြင့်ပေါ့လေ။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့က နားလည်မှု၊ ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ။ ပြီးမှ ဆွေးနွေးရေးလမ်းကြောင်းကို ဘယ်လို ပြန်သက်ရောက်အောင် လုပ်သွားမလဲဆိုတာကို ဆွေးနွေးကြပါတယ်။ ဒါကို တစ်လတစ်ကြိမ် တွေ့ဆုံကြဖို့တော့ တပ်မတော်က ကမ်းလှမ်းတာပေါ့လေ” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားသည်။
တပ်မတော်၏ကမ်းလှမ်းမှုကို SSPP ဗဟိုကော်မတီသို့ ပြန်လည်တင်ပြ၍ ဖြစ်နိုင်သောနည်းလမ်းကို ရှာဖွေကြမည်ဖြစ်ကာ တွေ့ဆုံဆွေးနွေးမှုကို SSPP ဘက်က သဘောတူသော်လည်း တစ်လတစ်ကြိမ်တွေ့ဆုံနိုင်ခြင်း ရှိ မရှိကို ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး နှစ်ဖက်ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
SSPP တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရသော ကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် SSPP ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသူမှန်သမျှကို ပြန်လည်စိစစ်လွှတ်ပေးရန်ရှိကြောင်း ၎င်းက ပြောကြားသည်။
“အဲဒါကို တပ်မတော်ဘက်က SSPP ဘက်ကနေ တင်ထားတဲ့ဟာမို့လို့ ဒီဟာကိုလည်း သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်ဆိုတဲ့ဟာကို ပြောပါတယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောကြားသည်။
တပ်မတော်နှင့် SSPP အကြား နှစ်ဖက်နားလည်မှုလွဲနေသောကိစ္စမှာ နယ်မြေကိစ္စဖြစ်ပြီး SSPP အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ပဏာမ သဘောတူညီချက်ကို သဘောတူထားပြီး အဆိုပါအချက်တွင် SSPP အနေဖြင့် ၎င်းတို့ ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းကိုအခြေပြု၍ ရောက်ရှိနေသောနေရာတွင် ယာယီနေထိုင်ခွင့်ရှိသည်ဟုပါဝင်ကာ တပ်မတော်၏ ထုတ်ပြန်ချက်တွင် နယ်မြေပိုင်းခြားခြင်း၌ ကွဲလွဲမှုအပေါ် ၎င်းတို့က နားလည်မှုလွဲသည်ဟုယူဆကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် (FPNCC) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်