
ပြည်သူလူထု၏ လိုအပ်ချက်များအား မည်သို့ကာကွယ်ရန် စဉ်းစားရမည့်အချိန်တွင် ပြည်သူအား လမ်းပေါ်ဆွဲတင်ကာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ လုပ်လာခြင်းသည် ရိုးသားသည့်လုပ်ရပ် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ပြောကြားသည်။
၎င်းက “ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဘယ်လိုကာကွယ်မလဲလို့ စဉ်းစားနေရမယ့်အချိန်မှာ ပြည်သူကို လမ်းပေါ်စွဲတင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ စလုပ်လာတာဟာ ရိုးသားတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျွန်တော်တို့က ပြောချင်တယ်” ဟု ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒလှမြင့် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးအား ကန့်လန့်တိုက်နေသည့် ပုံစံမျိုးဖြင့် ပြည်သူလူထုထဲတွင် ထင်ယောင်ထင်မှားဖြစ်စေရန် တချို့ တာဝန်ရှိပုဂ္ဂိုလ်များမှ မဆင်မခြင်ဖြင့် စွပ်စွဲ ပြောဆိုလာသည်ကို တွေ့ရှိရကြောင်း၊ မိမိပါတီ အောင်မြင်ရေးအတွက် နိုင်ငံရေး ကစားကွက်ဖော်ခြင်းသည် အောက်တန်းကျသည့် နိုင်ငံရေးဖြစ်ကြောင်း ဒေါက်တာနန္ဒလှမြင့် က ဆိုသည်။
“နိုင်ငံရေးမှာ ရိုးသားဖို့ လိုတယ်။ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ်မှာ ရိုးသားဖို့ လိုတယ်။ မိမိပါတီ အောင်မြင်ရေးအတွက် နိုင်ငံရေးကစားကွက် ဖော်တာဟာ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ကျွန်တော် ပြောချင်တယ်။ နိုင်ငံသားတွေအပေါ်မှာ သစ္စာရှိဖို့ လိုတယ်။ ရိုးသားတဲ့ နိုင်ငံရေး Smart Political ကို သွားဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ တိုင်းပြည် တိုးတက်မယ်။ စည်းလုံးညီညွတ်မယ်။ စည်းလုံးညီညွတ်မှ တိုင်းပြည်ကို တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် လုပ်လို့ရမှာ ဖြစ်ပါတယ်။ မိမိပါတီ အောင်နိုင်ရေးအတွက်နဲ့တော့ နိုင်ငံကို ချမနင်းသင့်ဘူး။ ပြည်သူကို မှိုင်းမတိုက်သင့်ဘူး။ လမ်းမပေါ် စွဲမတင်သင့်ဘူး။ ကျွန်တော် ဒီလိုပဲပြောချင်တယ်” ဟု ဒေါက်တာနန္ဒလှမြင့်က ပြောကြားသည်။
ဆက်လက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီးတော့ နိုင်ငံရေးပါတီတစ်ခုမှ ဦးဆောင်ပြီးတော့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ထောင်ပြီးတော့မှ တွေ့ဆုံဟောပြောပွဲတွေ လုပ်တယ်။ ကျွန်တော်တို့က မေးခွန်းထုတ်ဖို့ လိုတယ်။ ဘယ်သူက မပြင်ဘူးပြောလို့ ခင်ဗျားတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုပြီးတော့ လုပ်ပြနေတာလဲလို့ မေးချင်တယ်။ ဘယ်သူက မပြင်ဘူးပြောနေလို့လဲ။ တပ်မတော်က မပြင်ဘူး ပြောနေလို့လား။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပြင် အခြားပါတီတွေက မပြင်ဘူး ပြောနေလို့လား။ ဘာနိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကမ်ပိန်းတွေ လုပ်နေတာလဲ။ ဒါမေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးလို့ ဘယ်သူမှ မပြောဘဲနဲ့ ပြင်ဆင်ဖို့ ကမ်ပိန်းတွေ လုပ်လာတယ်။ စတေကာ ကမ်ပိန်းတွေ လုပ်လာတယ်။ လူထုဟောပြောပွဲ လုပ်လာတယ်။ ပြည်သူကို လမ်းပေါ်ကိုဆွဲတင်ဖို့ ကြိုးစားလာတယ်”ဟု ၎င်းကပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်