
လေးနှစ်ကျော်ကြာ ရပ်နားထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ပြုလုပ်နေပြီး ယခုနှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုတစ်ခုလုံး၏ ဘုံအကျိုးစီးပွားကို ဦးတည်ဆွေးနွေးရန် UNA အတွင်းရေးမှူး အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်၌ ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် စတုတ္ထအကြိမ်မြောက် နှီးနှောဖလှယ်ပွဲဖြစ်သည်။
UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် နှီးနှောဖလှယ်ပွဲအပြီးတွင် အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ကျင်းပခဲ့သည့် အတွက် UNA အနေဖြင့် ၎င်းတို့၏ နှီးနှောဖလှယ်ပွဲကို ဆက်လက်ပြုလုပ်ပါက စင်ပြိုင်သဘောမျိုး သက်ရောက်မည် စိုးသောကြောင့် ဆွေးနွေးပွဲများကို ခေတ္တခဏ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင်လည်း အစိုးရသစ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေးများကို ဆက်တိုက်ကျင်းပခဲ့သည့်အတွက် UNA ၏ နှီးနှောဖလှယ်ပွဲကို ဆက်လက်ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ရှင်းလင်းပြောကြားခဲ့သည်။
“အခု ၂၀၁၉ ခုနှစ်မှာတော့ ကာလကြာရှည်စွာ တုံ့ဆိုင်းနေတဲ့ လုပ်ငန်းစဉ်တွေ၊ နိုင်ငံတော်ရဲ့ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စတွေ၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်တို့ UNA နဲ့ မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ ဆွေးနွေးညှိနှိုင်းပွဲ နှီးနှောဖလှယ်ပွဲတွေကို ဆက်လက်ကျင်းပသင့်ပြီးလို့ အချိန်အခါရောက်ပြီလို့ ယူဆတဲ့အတွက် ဒီပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ယခုပြုလုပ်သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟူသော ခေါင်းစဉ်သုံးခုကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ယခုနှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြသူတွေ အနေနဲ့ ပြည်ထောင်စုတစ်ခုလုံးရဲ့ ဘုံအကျိုးစီးပွားကိုပဲ အဓိကထားပြီးတော့ဦး တည်ဆွေးနွေးစေလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေ ၊ ရင်ဆိုင်နေတဲ့ ပြဿနာတွေကို အဓိကထားပြီးတော့ ဆွေးနွေးစေလိုပါတယ်။ ဒီလိုဆွေးနွေးတဲ့အတွက် အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားကို မဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို မဟုတ်ဘဲနဲ့ ပြည်ထောင်စုတစ်ခုလုံးရဲ့ ဘုံအကျိုးစီးပွားကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ရည်မှန်းချက်ထားပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသားပါတီ (MNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီကွန်ကရက် (KNCD)၊ ကယန်းအမျိုးသားပါတီ (KNP) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကရင်အမျိုးသားပါတီ(KNP)၊ မြို အမျိုးသားဒီမိုကရက်တစ်ပါတီ (MNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)၊ ချင်း တိုးတက်ရေးပါတီ(CPP)၊ ရှမ်းနီ( တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP)ပါတီတို့ ဖြစ်သည်။
ယခုနှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ ဝင်ပါတီများအပြင် မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်