
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြဿနာ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ နည်းလမ်းတကျ တင်သွင်းလာမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းများအား စတင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းက ပြောကြားသည်။
၎င်းက “သတ်မှတ်ထားတာတွေ ရှိတယ်လေ။ တင်သွင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေက တင်သွင်းနိုင်တဲ့အခါမှ ခုံရုံးက ဆုံးဖြတ်ခွင့်ရှိတာပေါ့နော်။ တင်သွင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေက ခုနက တိုက်ရိုက် တင်သွင်းနိုင်တဲ့ ပုဂ္ဂိုလ်ကလည်း ခြောက်ဦးပဲ ရှိတယ်၊၊ နောက်ပြီးတော့ တစ်ဆင့် လုပ်ထုံးလုပ်နည်းနဲ့ တင်သွင်းနိုင်တဲ့ သူက သတ်သတ်ရှိတယ်။ ဆိုလိုချင်တာက လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေအနေတိုင်းကတော့ တင်သွင်းနိုင်တဲ့ သူတွေက တင်သွင်းလာတဲ့ အခါမှသာလျှင် ဖွဲ့စည်းပုံအခြေခံခုံရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ တင်သွင်းလာတဲ့ ကိစ္စကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဿနာ ဖြစ်ရမယ်။ အဲဒီကိစ္စကလည်း အငြင်းပွားမှု ဖြစ်ရမယ်။ အဲဒါမျိုးမှ ဆုံးဖြတ်နိုင်ခွင့် ရှိပါတယ်” ဟု ဦးမြသိန်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ တွင် ပြုလုပ်သည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) ပုဒ်မ ၃၂၅ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စသည့်ပုဂ္ဂိုလ်များက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) ပုဒ်မ ၃၂၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း စသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စရပ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းအပေါ် ဥပဒေ နှင့်ညီ၊ မညီ ပြောဆိုနေမှုများနှင့် ပတ်သက်၍ မည်သို့ မှတ်ချက်ပြုချင်သလဲဆိုသည့် မေးမြန်းမှုကို “အဲဒီအပေါ်မှာတော့ ဘာမှ မှတ်ချက်ပြုစရာ မရှိပါဘူး။ အကယ်၍ တင်သွင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေက နည်းလမ်းတကျ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တင်သွင်းလာတဲ့အခါမှာပဲ အန်ကယ်တို့ အခန်းကဏ္ဍက
စမှာ ဖြစ်တယ်” ဟု ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းက ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က တာဝန်ယူကာ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်