
တောင်ကိုရီးယားနိုင်ငံ၏ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်သည့် ဂျောင်ဝူဆောင်သည် လက်မထပ်ထားသည့်အမျိုးသမီးတစ်ဦးနှင့် ကလေးရထားသည်ဟု ပရိသတ်ကိုဝန်ခံလိုက်ပြီးနောက် ထိုကိစ္စကို ပြီးခဲ့သည့်ရက်ပိုင်းကကျင်းပသည့် နဂါးပြာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ထည့်ပြောကာ ပရိသတ်ကိုထပ်တောင်းပန်လိုက်သည်။
ဝူဆောင်သည် ၁၉၉၀ နောက်ပိုင်းနှစ်များတွင် သရုပ်ဆောင်လောကသို့ရောက်လာပြီးနောက် အပြိုင်အဆိုင်ကြီးမားသည့် ရုပ်ရှင်နယ်ပယ်တွင် နာမည်ရအောင်မြင်နေချိန်၊ ၎င်းင်း၏အေဂျင်စီက မော်ဒယ်မွန်ဂါဘီ၏ ကလေးသည် အသက် ၅၁ နှစ်အရွယ်ရှိဂျောင်ဝူဆောင်နှင့် ရသည့်ကလေးပါဟု အတည်ပြုထုတ်ပြန်လိုက်သည်။ ကလေးကို မတ်တွင် မွေးခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်တွင် အသက် ၃၅ နှစ် အရွယ်ရှိ မွန်ဂါဘီက သားလေးမွေးကြောင်း ကြေညာခဲ့ပြီး ကလေးဖခင်ကိုမူ ထုတ်မပြောခဲ့ပေ။ Dispatch မီဒီယာဖော်ပြချက်အရ ဂျောင်ဝူဆောင်နှင့် မွန်ဂါဘီတို့ ၂၀၂၂ ခု နှစ်က ပွဲတစ်ခုတွင်စတွေ့ပြီး ရင်းနှီးသွားကြသည်။ ဖခင်တာဝန်ကိုယူမည်ဟု ဝူဆောင်ကပြောသော်လည်း မွန်ဂါဘီကိုလက်ထပ်ရေးတွင် နှုတ်ဆိတ်နေသဖြင့် ပရိသတ်က ၎င်းင်းကို တာဝန်မဲ့သူဟု ဝေဖန်လာကြသည်။
“ကျွန်တော့်ကို ယုံကြည်အားပေးလာတဲ့ ပရိသတ်တွေကို အခုလိုစိတ်ပျက်စေခဲ့တဲ့အတွက် တကယ့်ကိုတောင်းပန်ပါတယ်။ ဝေဖန်တာတွေအားလုံးကိုလည်း ကျွန်တော်လက်ခံပါမယ်။ဖခင်အနေနဲ့ သားအပေါ်မှာကိုယ့်တာဝန်ကိုယ် ယူသွားမှာပါ”ဟု ဂျောင်ဝူဆောင်က နိုဝင်ဘာ ၂၉ ရက်ကကျင်းပသည့် နဂါးပြာဆုပေးပွဲတွင် ပြောသွားသည်။ ထိုပွဲတွင်၎င်းင်းက အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။
ဝူဆောင်သည် ယခင်က မည်သည်သတင်းဆိုးမှမထွက်ခဲ့ပေ။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ၏ ချစ်ကြည်ရေးသံတမန်အဖြစ်လည်း ဇူလိုင်အထိ ဆယ်စုနှစ်တစ်စုနီးပါး တာဝန်ယူခဲ့သည်။
၁၉၉၇ ခုနှစ်က Beat ရုပ်ရှင်ဇာတ်ကားဖြင့် စတင်နာမည်ရလာခဲ့ပြီး မင်းသားဟွမ် ဂျောင်မင်နှင့်အပြိုင်12.12: The Day ရုပ်ရှင်ဇာတ်ကားကြီးတွင် ဂျောင်ဝူဆောင်၏အပိုအလိုမရှိ သရုပ်ဆောင်ချက်များသည် ပရိ သတ်သဘောကျစရာဖြစ်ခဲ့သည်။ Tell Me That You Love Me ဇာတ်လမ်းတွဲမှ တွဲဖက် မင်းသမီးရှင်ဟွန်ဘင်းနှင့် ၎င်းင်းတို့သတင်းထွက်လိုက်သေးသည်။ ဝူဆောင်သည် မင်းသမီးလီဂျီအာနှင့်လည်း ငြိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်