
Atlantic Records အမေရိကန်တေး ထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်လိုက်ပြီးနောက် တစ်ကိုယ်တော်တေး အယ်လ်ဘမ်ထွက်လာတော့မည့် Blackpink အဖွဲ့ဝင်ရို့စ်က ၎င်း၏ APT သီချင်းရိုက်ကူးမှုတွင် ဘရူနိုမားစ်၏ ပါးကို ဘာကြောင့်နမ်းခဲ့သည်ကို JTBC နှင့် အင်တာဗျူးတွင် ရှင်းပြခဲ့သည်။ ယင်းအင်တာဗျူး ကို ဒီဇင်ဘာ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။
ဘရူနိုစ်မားစ်ကိုနမ်းခဲ့ခြင်းက “kissy face , kissy face” ဆိုသည့် သီချင်းစာသားကြောင့်ဟု ရို့စ်က ပြောပြပြီး အစပိုင်းတွင် ယင်းသို့ရိုက်ကူးရန် ရှက်ခဲ့သည်ဟု ပြောသည်။ ဘာကြောင့် ဘရူနိုက မနမ်းဘဲ ရို့စ်ဘက်ကသာ နမ်းခဲ့သလဲဆိုသည့် မေးခွန်းကို ဘရူနိုက ဝင်ဖြေပြီး ၎င်းကရို့စ်ကို နမ်းသည်ထက် ရို့စ်က ၎င်းကိုနမ်းခြင်းက ပိုသင့်တော်မည်ဟု ဖြေခဲ့သည်။ကင်မရာ နောက်ကွယ်က အမှတ်တရ ဖြစ်ရပ်များလည်းရှိပြီး ယခုထိချမပြရသေးဟု ရို့စ်က ပြောသည်။
APT သီချင်းကို ရို့စ်နှင့်မားစ်တို့ တွဲဖက်ပြီး နိုဝင်ဘာ ၂၂ ရက်က အိုဆာကာတွင် ကျင်းပသည့် MAMA တေးဂီတဆုပေးပွဲတွင် ဖျော်ဖြေသွားသေးသည်။ APT သည်ပရိသတ်တိုင်း၏ ပါးစပ်ဖျားပေါ် ရောက်လာသည်အထိ အောင်မြင်ခဲ့သည်။
ရို့စ်သည် နယူးဇီလန်တွင် မွေးဖွားခဲ့ပြီး နာမည်ရင်းက ရိုဆန်ပတ်ခ်ဖြစ်သည်။၂၀၁၂ ခုနှစ်တွင် YG ဖျော်ဖြေရေးကုမ္ပဏီက သင်တန်းသား ခေါ်ယူစဉ် ဝင်အရွေးခံခဲ့ပြီး Blackpink အဖွဲ့ဝင်အဖြစ် ၂၀၁၆ ခုနှစ်တွင် ပွဲဦးထွက်ခဲ့သည်။၂၀၂၁ ခုနှစ်တွင် ရို့စ်က R အမည်ဖြင့် အယ်လ်ဘမ်ထွက်လာသည်။ သမီး ဖြစ်သူကို လွမ်းသည့်အတွက် ကိုရီးယားသို့ တစ်ကိုယ်တည်း လွှတ်ခဲ့မိခြင်းကို ဖခင်က ယခုထိ နောင်တရကြောင်း ဟာသလုပ်ပြောနေသည်ဟု ရို့စ်က ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်