စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေ စျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ ဒီဇင်ဘာ ၂၈ ရက်တွင် ကျပ် ၁၈၁၆၅၀၀ ဝန်းကျင်သို့ ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၁၆၅၀၀ ဝန်းကျင် ရှိနေပြီး ၁၅ ပဲ ရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၀၉၅၀၀ ဝန်းကျင် ရှိခဲ့သည်။
အောက်တိုဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၈၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၇၈၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲ ရည်ရွှေစျေးမှာ ကျပ် ၁၆၇၃၅၀၀ ဝန်း ကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခု နှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက် တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂ဝဝဝဝနှင့် စက်တင်ဘာလအတွင်း ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။
-
GAVI အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက Mobile Tablet အလုံး ၁၄၀၀၀ ထပ်မံဝယ်ယူမည်
-
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ ဥပဒေနှင့်အညီ အခြားလုပ်ငန်းများ အသုံးချစီမံဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနေဟုဆို
-
စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့ တိုင်ကြားသည့်အမှုများ ယခင်နှစ်ကထက် နှစ်ဆမြင့်တက်
-
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၌ ဗုံးသီးဟောင်း ပေါက်ကွဲ၍ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
-
အသက်အာမခံနှင့် ထိခိုက်မှု အာမခံထားရှိသော မြန်မာရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော်အထိရှိ