
ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတွင် New Year ကာလအတွက် ဟိုတယ်အခန်းများပြည့်သည်အထိ ကြိုတင်မှာယူထားသူ များပြားနေကြောင်း သိရသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဇော်လင်းထွန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ အခုဆိုရင် ချောင်းသာရော ငွေဆောင်မှာပါ ဟိုတယ်တွေကို လေ့လာကြည့်တဲ့အခါ ၃၁ ရက်နေ့နဲ့ ၁ ရက်နေ့အထိ အခန်းမရှိတော့ပါဘူး။ အမှာတွေ ပြည့်နေကြပြီ။ တော်တော်များများ ကမ်းခြေဟိုတယ်တွေက အဲဒီလိုမျိုးအချိန်မျိုးမှာ ရက်ရှည်နေမယ့် ဧည့်သည်မျိုးတွေရှိတဲ့အခါကျတော့ တစ်ရက်တည်းနေမယ့်သူမျိုးထက် နှစ်ရက်လောက် အနည်းဆုံးနေမယ့်သူမျိုးပဲ လက်ခံတဲ့သဘောမျိုးလည်း တွေ့ရတယ်။ ၂ ရက်နေ့မှပဲ ပြန်ပြီး အခန်းနည်းနည်းပါးပါး လွတ်မယ့်အနေအထားရှိပါတယ်။ ဒါကတော့ ညအိပ်ဧည့်သည်တွေပေါ့။ အဲဒီလိုကာလမှာ နေ့ချင်းပြန်ဧည့်သည်တွေကလည်း ပုံမှန်ထက် များလေ့ရှိပါတယ်” ဟု ဖြေကြားသည်။
“ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေကတော့ တောက်လျှောက်ရှိနေတာပေါ့။ ကိုဗစ်ဆေးထိုးနှံပြီးစီးမှု QR ကုတ်ပါတဲ့ကတ်တွေပါ စစ်တာရှိတယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့အပါအဝင် ခရီးသွားပြည်သူတွေအနေနဲ့ အဲဒီကတ်လေးတွေ ဆောင်လာသင့်ပါတယ်။ ဆေးထိုးပြီးသူလည်း ကိုဗစ်ရောဂါမဖြစ်နိုင်ဘူးလို့ အာမခံလို့မရပါဘူး။ ဆေးထိုးပြီးရင်လည်း ကိုဗစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှဖြစ်ပါမယ်။ ဒါကြောင့် ဟိုတယ်တွေဘက်ကရော ခရီးသည်တွေဘက်ကရော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်စလုံးလိုက်နာကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း သေချာတိုက်တွန်းမှာကြားနေပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဇော်လင်းထွန်းက ဆက်လက်ပြောကြားသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ ကျန်းမာရေး အစီအမံများနှင့်ပတ်သက်၍ ဟိုတယ်လုပ်ငန်းခွင်များမှ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ Safe Service ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်းများလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတို့အပြင် ရွှေသောင်ယံကမ်းခြေနှင့် ဂေါ်ရန်ဂျီကျွန်း စသည့်နေရာများမှာလည်း ခရီးသွားများလာရောက်လည်ပတ်မှု များပြားလေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်