
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ခရမ်းချဉ်သီး စံချိန်တင်စျေးနှုန်းဖြင့် စျေးကောင်း ဆက်လက်ရရှိနေပြီး အသီးထွက်နှုန်းမှာ နည်းပါးလာကြောင်း၊ စျေးကောင်း ဆက်လက်ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ခရမ်းချဉ်သီးဒိုင်များထံမှ သိရသည်။
အင်းလေးဒေသထွက် ခရမ်းချဉ်သီးစျေးနှုန်းသည် ဒီဇင်ဘာလတွင် စံချိန်တင်စျေးနှုန်းဖြင့် စျေးကောင်းရရှိနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ လလယ်ခန့်တွင် တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ၅၃၀၀၀ အထိ စံချိန်တင်အမြင့်ဆုံးစျေးနှုန်း ရရှိခဲ့ခြင်းဖြစ်သည်။ တစ်တင်း ကျပ်ငါးသောင်းကျော်ရရှိပြီး တစ်ပတ်အကြာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်အထိ စျေးကျခဲ့ရာမှ ဒီဇင်ဘာလကုန်ပိုင်းတွင် တစ်တင်း ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ အထိ စျေးကောင်း ဆက်လက်ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ခရမ်းချဉ်သီးစျေးက သုံးသောင်းကျော်ပေ့ါ။ အလုံးကောင်းရင် သုံးသောင်းငါးထောင်၊ သုံးသောင်းခြောက်ထောင်ပေါ့။ ငါးသောင်းကျော်ကနေ နှစ်သောင်းကျော်အထိ ဖြစ်ပြီးမှ ပြန်တက်လာတာ။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကပေ့ါ။ ငါးသောင်းကျော်က တစ်ပတ်လောက် ဖြစ်လိုက်သေးတယ်။ ရှေ့ရက်ပိုင်းက နှစ်သောင်းလောက်ကျသွားတယ်။ အခုရက်မှ သုံးသောင်းကျော်တက်လာတယ်။ နယ်ပေါင်းစုံကနေ ဟိုနားနည်းနည်း ဒီနားနည်းနည်းထွက်လာတော့ စျေးကတော့ တအားကျသွားဖို့တော့ မရှိဘူး။ နှစ်သောင်းပတ်ချာလည်လောက်သွားနေဦးမှာပဲ ထင်တယ်။ လျော့တယ်ဆိုပေမဲ့ သူ့နယ် ကိုယ့်နယ်နယ်စားဖို့အတွက်လေးတွေ ထွက်နေတော့ စျေးကတော့ တအားကောင်းဖို့တော့ မရှိတော့ဘူးလေ။ တချို့က ပြန်စိုက်နေကြပြီ။ အခုချိန်စိုက်ရင် မတ်၊ ဧပြီလလောက် ပြန်ထွက်တာပေါ့။ စိုက်ပြီး နှစ်လခွဲအတွင်း အသီးထွက်တယ်” ဟု ခရမ်းချဉ်သီးကုန်စည်ဒိုင်မှ ဦးစိုးမြင့်သောင်းက ပြောကြားသည်။
“ စျေးနည်းနည်းပြန်တက်တယ်။ အစိမ်းက လေးသောင်းစျေးလောက် ပြန်တက်တယ်။ တလောက နှစ်သောင်းအောက်အထိ ဖြစ်သွားသေးတယ်။ အခု လေးသောင်းဖြစ်တာက နှစ်ရက်လောက်ရှိပြီ။ အသီးထွက်နှုန်းကျလာပြီ။ တခြားနယ်က မထွက်လို့ ရောင်းနေရတာ။ အသီးက အဆင့်အတန်းမမီတော့ဘူး။ အခုခူးနေတာ ၁၀ ပတ်ကျော်လောက်ရှိနေပြီ။ အထွက်နှုန်းနည်းလာပြီ။ ငါးသောင်းကျော်နဲ့ ဝယ်ပေမဲ့ ကုန်သည်တွေက တစ်ပိဿာ ၁၄၀၀ လောက်ပဲ ပြန်ရတယ်။ အစိမ်းကတော့ ဝယ်လိုက်ရတာပေ့ါ။ ထိုင်ဝမ်သီးတွေ နည်းနည်းကြိုကြားဝင်လာတယ်။ အင်းသီးစျေးနည်းနည်းပြန်ကျသွားတာပေ့ါ။ ကုန်တော့ မကုန်လောက်ဘူး။ အသီးက အရည်အသွေးတော့ မမီတော့ဘူး။ အသီးကောင်း မရှိတော့ဘူး။ အသေးတွေလောက်ပဲ ကျန်တော့မှာပေါ့” ဟု မိုင်းသောက်ကျေးရွာမှ ကုန်သည် ဦးကျော်လွင်က ပြောကြားသည်။
ဆောင်းတွင်းသီးနှံ ရှားပါးချိန်ဖြစ်သဖြင့် စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၀၀၀ အထိ စျေးကောင်း ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်