
Forever Group Myanmar Countdown 2019 ဂီတဖျော်ဖြေပွဲအား ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်း ဂီတဖျော်ဖြေပွဲတွင် တေးသံရှင် အများအပြား ပါဝင်တင်ဆက်မည်ဖြစ်ကာ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေရေး အစီအစဉ်များအား ည ၆ နာရီခန့်တွင် စတင်မည်ဖြစ်ပြီး ည ၁၂ နာရီ နှစ်သစ်ကူးပြောင်းချိန်အထိ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲအား ဝင်ကြေးအခမဲ့ဖြင့် ပါဝင်ဆင်နွဲှနိုင်မည်ဖြစ်ပြီး MRTV-4နှင့် Channel-7 ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
“Froever Group ရဲ့ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုပွဲလေး ရှိပါတယ်။ နှစ်စဉ် ကျင်းပနေကျအတိုင်းပဲ ခမ်းနားစွာ ကျင်းပသွားမှာပါ။ ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူ ကွဲပြားတဲ့ အစီအစဉ်ပေါင်းများစွာနဲ့ ကျင်းပသွားမှာဖြစ်ပြီး တေးသံရှင်များစွာကလည်း ပါဝင်တင်ဆက်ကြပါလိမ့်မယ်။ ဖျော်ဖြေရေး အစီအစဉ်တွေကို ညနေပိုင်းကနေ စတင်ပြီးတော့ ည ၁၂ နာရီ နှစ်သစ်ကို ကြိုဆိုတဲ့အချိန်ထိ ပြုလုပ်သွားမှာပါ။ အနုပညာရှင်တွေနဲ့အတူ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုတဲ့ Countdown အစီအစဉ်တွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့နဲ့ တင်ဆက်သွားမှာဖြစ်လို့ လာရောက် ပါဝင်ဆင်နွဲှနိုင်ကြပါတယ်။ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေအတွက်လည်း Mrtv-4နဲ့ Channel-7 ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပေးသွားမှာပါ” ဟု Forever Group မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
Forever Group Myanmar Countdown 2019 ဂီတဖျော်ဖြေပွဲတွင် ဂီတအမျိုးအစားစုံ တေးသံရှင်များ ပါဝင် တင်ဆက်မည်ဖြစ်ကာ အပိုင်းများခွဲ၍ တင်ဆက်သွားမည် ဖြစ်သည်။ ယင်းဂီတ ဖျော်ဖြေပွဲတွင် တေးသံရှင်အိမ့်ချစ်၊ သာဒီးလူ၊ နီနီခင်ဇော်၊ လင်းလင်း၊ မိစန္ဒီ၊ Art-T၊ ဘန်နီဖြိုး၊ G-Fatt၊ Snare၊ စိုင်းစိုင်းခမ်းလှိုင်စသူတို့ ပါဝင်ရန်စီစဉ် ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်