
Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အမေရိကန်၏ ၂၀၁၈ ခုနှစ်အတွက် အချမ်းသာဆုံး ထင်ရှားကျော်ကြားသူများ စာရင်းတွင် Star Wars ဇာတ်ကောင်များ ဖန်တီးသူ ဂျော့ချ်လူးကပ်က နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။
အသက် ၇၄ နှစ်အရွယ်ရှိ စာရေးဆရာ၊ ဒါရိုက်တာ၊ထုတ်လုပ်သူ လူးကပ်သည် အသားတင်ကြွယ်ဝမှုဒေါ်လာ ၅.၄ ဘီလျံဖြင့် အဆိုပါ စာရင်းတွင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ Lucas ထုတ်လုပ်ရေးကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် ဝေါဒစ္စနေကုမ္ပဏီသို့ ဒေါ်လာ ၄.၁ ဘီလျံဖြင့် ရောင်းချခဲ့ပြီးနောက် လူးကပ်၏ ပိုင်ဆိုင်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်က အသားတင်ကြွယ်ဝမှု ဒေါ်လာ ၃ . ၇ ဘီလျံဖြင့် အဆိုပါစာရင်း၏ ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ဒီဇင်ဘာ ၁၈ ရက်တွင် အသက် ၇၂ နှစ်ပြည့်သည့် ဒါရိုက်တာ၊ စာရေးဆရာနှင့် ထုတ်လုပ်သူ စပီးဘာ့ဂ်သည် အနုပညာ သက်တမ်းနှစ် ၅၀ အတွင်း Jaws၊E.T၊ Riders of the Lost Ark၊ Schindler’s List နှင့် Saving Private Ryan ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှီခဲ့သူဖြစ်သည်၊
ရုပ်သံအစီအစဉ်တင်ဆက်သူ၊ သရုပ်ဆောင်နှင့် မီဒီယာ အမှုဆောင်တစ်ဦးဖြစ်သည့် အော်ပရာဝင်းဖရေးက ဒေါ်လာ ၂.၈ ဘီလျံဖြင့် အဆိုပါစာရင်း၏ တတိယနေရာတွင် ရပ်တည်ခဲ့သည်။
အမေရိကန် ဘတ်စကတ်ဘော ကစားသမား မိုက်ကယ်ဂျော်ဒန်က အသားတင် ကြွယ်ဝမှု ဒေါ်လာ ၁.၇ ဘီလျံကျော်ဖြင့် စတုတ္ထနေရာတွင် ဖော်ပြခံခဲ့ရသည်။ မော်ဒယ် ခိုင်လီဂျန်နာနှင့် ရက်ပ်အဆိုတော် ဂျေဇီးတို့က ဒေါ်လာ သန်း ၉၀၀ ကျော်စီဖြင့် အဆိုပါစာရင်း၏ ပဉ္စမနေရာတွင် ပူးတွဲဖော်ပြ ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်