
လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ၁၀ ရက်အထိ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီးမှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၆၅၂ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၄ သန်းနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှဒီဇင်ဘာ ၁၀ ရက်အထိ ကန်ပိုက်တီးနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၅၁ သန်းရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၀ ဒသမ ၁၀၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ၁ ဒသမ ၆၅၂ သန်းရရှိခဲ့သည်။
ယခင်နှစ်ကာလတူက ကန်ပိုက်တီးနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၉၃ ဒသမ ၄၁၀ သန်းရှိပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅ဒသမ၂၅၆ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၀ ရက်အထိက ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၃ ဒသမ ၆၀၄ သန်း လျော့ကျခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှဇူလိုင်လအထိ ၁၀ လအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄၄၀၈ ဒသမ ၃၀၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၈၉၅ ဒသမ ၃၁၇ သန်းရှိကာ ကုန် သွယ်မှုပမာဏ ဒေါ်လာ ၈၃၀၃ ဒသမ ၆၁၉ သန်းအထိ ရှိနေသည်။
လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံကထိပ်ဆုံးမှ ရပ်တည်နေသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၄၉ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၉ဘီလျံကျော် တင်သွင်းထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၄၉ ဒသမ ၂၂၆ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၂၀ ဒသမ ၀၅၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်း တင်သွင်းထားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-တရုတ်နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်-ရွှေလီဇုန်အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းအောင်မြင်ဖြစ်ထွန်းမှုအပေါ်မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဇုန်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီက မြန်မာ နိုင်ငံဘက်ခြမ်း၌ နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြေနေရာသတ်မှတ်ပြီး ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေ့လာဆန်းစစ်များ ဆောင်ရွက်ပြီးပါက နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်သူများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်